မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ရုပ်ရည်ချောမောပြေပြစ်ပြီး မြင်သူတိုင်း ရင်ထဲအေးရတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ပိုးက လက်ရှိမှာလည်း အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေပါတယ်။ လတ်တလောမှာတော့ ပိုးက ပွဲအခမ်းအနားတွေ တက်ရောက်နေသလို ဇာတ်လမ်းတွဲ အသစ်လေးတွေလည်း လက်ခံရိုက်ကူးနေရပါတယ်။

မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ပိုးက မိသားစုရဲ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေသလို မောင်လေး၊ညီမလေးတွေကိုလည်း ချစ်ခင်ကြင်နာတတ်သူ ဖြစ်ပါတယ်။ အခုလည်း ပိုးက သူမနဲ့ရုပ်ချင်းဆင်တူတဲ့ မောင်ချောလေးကို အမှတ်တရပုံလေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ ပိုးရဲ့မောင်လေးကတော့ ဒီနေ့မှာပဲ အသက် (၁၆) နှစ်တိတိ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

ပိုးက သူမချစ်ရတဲ့ မောင်လေးကို '' Happy birthday oak Sweet 16 '' ဆိုပြီး ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ ပိုးရဲ့မောင်လေးကတော့ အစ်မဖြစ်သူလိုပဲ ရုပ်ချောပြီး ထက်မြက်တဲ့ကောင်လေးတစ်ယောက်ဖြစ်တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ပိုးကြာဖြူခင်တို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။