မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ဇာတ်လမ်းတွဲ မင်းသမီးလေးအဖြစ် လူသိများအောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှု ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ရုပ်မရွေး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ သူမက လက်ရှိမှာလည်း ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးနေရပါတယ်။ အခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ '' ကျွန်မက မဟေသီ '' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးမှာလည်း ဝင့်ယမုံနိုင်က မင်းသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာတော့ သူမက ''စံမြန်း'' ဆိုတဲ့ သားတစ်ယောက်နဲ့ အိမ်ထောင်သည် အမျိုးသမီးလေး ဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးကြည့်ရှုမှု အများဆုံး ရရှိထားတဲ့ စံမြန်းရဲ့ ဇာတ်လမ်းတွဲလေးကတော့ လက်ရှိမှာ အရမ်းကို စိတ်ဝင်စားစရာကောင်းနေပြီ ဖြစ်ပါတယ်။ အခုလည်း မြန်းအဖြစ် သရုပ်ဆောင်နေတဲ့ ဝင့်ယမုံနိုင်က ရိုက်ကွင်းပုံရိပ်လေးတွေကို အမှတ်တရ တင်ပေးထားပါတယ်။

မြန်းက ဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်တဲသားလေးနဲ့ ပတ်သတ်ပြီး '' မေမေ့သားနဲ့ပက်သက်လာရင် မေမေ့မာနဆိုတာ အသေးအဖွဲပါသားရယ် လောကဓံကိုရင်ဆိုင်ရချိန်မှာ မေမေမပြိုလဲအောင် ခွန်အားသတ္တိတွေပေးခဲ့တာ ဟောဒီက မေမေ့သားလေးပါကွယ် '' ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မြန်းတို့နှစ်ယောက်ရဲ့ပုံလေးတွေကတော့ တကယ်ပဲ ကြည်နူးစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်းအဖြစ် သရုပ်ဆောင်နေတဲ့ ဝင့်ယမုံနိုင်ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wint Yamone Naing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။