ပရိသတ်ကြီးရေ.. ပြည်သူပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေနဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ သဘာဝမင်းသားကြီး မြင့်မြတ်နဲ့ မင်းသမီးချောသင်ဇာဝင့်ကျော်တို့ကတော့ ရှေ့ဆုံးက ရပ်တည်နေကြတဲ့ ပြည်သူ့အချစ်တွေပါပဲနော်..။

ပရိသတ်တွေရဲ့ အသည်းကျော် မြင့်မြတ်နဲ့ သင်ဇာတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ လတ်တလောမှာ ခရီးတွေထွက်ရှိနေပြီး ကချင်ပြည်နယ်ကို ရောက်ရှိနေပါတယ်နော်..။

ကချင်ပြည်နယ် မြစ်ကြီးနားကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးအတွက် ရောက်ရှိနေကြတာဖြစ်ပြီး ရေခဲတောင်မှာလည်း သွားရောက်ရိုက်ကူးခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုအလွမ်းပြေလေး ပြန်လည်မျှဝေထားကြပါသေးတယ်နော်..။

အခုတစ်ခုမှာလည်း အချစ်တော်လေးနှစ်ယောက် ကချင်တိုင်းရင်းရိုးရာဝတ်စုံ ဆင်တူလေးတွေနဲ့ ကချင်ရိုးရာအကလေးမှာ ပါဝင်ပြီး ကခဲ့ကြတဲ့ ကြည်နူးပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အလွမ်းပြေစေပြန်ပါပြီနော်..။

ဇာတ်ကားတွေအတူ ရိုက်ကူးနေကြတဲ့ ပြည်သူ့အချစ်တော် သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ ကချင်ရိုးရာဝတ်စုံလေးတွေနဲ့ တိုင်းရင်းရိုးရာအကလေးမှာ ပျော်ပျော်ရွှင်ရွှင် ရယ်မောရင်း ဟန်ချက်ညီညီ စည်းချက်ညီညီနဲ့ အဖွဲ့လိုက်ကနေကြတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။

ချစ်ရတဲ့ အသည်းကျော်ပရိသတ်ကြီးတွေအတွက် ဂျင်းကောင်နဲ့ မတ်မတ်သင်ဇာတို့ရဲ့ ကချင်ဝတ်စုံလေးတွေနဲ့ ရိုးရာအက ကခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မြင့်မြတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။