ပရိသတ်ကြီးရေ.. သဘာဝကျတဲ့ ဇာတ်ရုပ်ကို ပီပြင်ကွမ်းကျင်စွာ သရုပ်ဆောင်နိုင်မှုတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာတဲ့ ပြည်သူ့အချစ်တော် မင်းသားချောတွေထဲမှာ ဂျင်းကောင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသားချော မြင့်မြတ်ကတော့ နံပါတ်တစ်နေရာကနေ ရပ်တည်နေတယ်လို့ ဆိုရမှာပါပဲနော်..။

အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ရိုးသားကြိုးစားမှုတွေနဲ့ ရိုးရိုးအေးအေး ပကာသနမဖက်ပဲ ပြုမူနေထိုင်တတ်တာလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကနှစ်နှစ်ကာကာ အားပေးချစ်မှုတွေကို ရရှိထားတဲ့ ပြည်သူ့အချစ်တော် သဘာဝမင်းသားချောဆိုလည်း မမှားပါဘူးနော်..။

အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သူမို့ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးကာ ကချင်ပြည်နယ်ကို ဇာတ်ကားရိုက်ကူးရေးနဲ့ ခရီးသွားနေရတဲ့ မြင့်မြတ်ကတော့ အခုဆိုရင် ချစ်ရတဲ့သားလေးနဲ့ ဇနီးချောလေးရှိရာ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာပါပြီနော်..။

အသည်းနစ်နေအောင် ချစ်ရတဲ့ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ ဂျူနီယာမြင့်မြတ်လေးကလည်း ဖေဖေမြင့်မြတ် အိမ်ကိုပြန်လာချိန်မှာ မေမေနဲ့အတူ လေဆိပ်မှာသွားကြိုခဲ့ပါသေးတယ်နော်..။

မတွေ့တာ ရက်အတော်ကြာနေတဲ့ ဖေဖေ့ကိုလွမ်းလို့ လေဆိပ်ထိကိုယ်တိုင်သွားကြိုခဲ့ပေမယ့် ဂျူနီယာမြင့်မြတ်လေးတစ်ယောက် ဖေဖေနဲ့မတွေ့ခင် အရင်အိပ်ပျော်သွားခဲ့ပါတယ်တဲ့နော်..။

လေယာဉ်လည်းဆိုက်ရော ချစ်စရာကောင်းလောက်အောင် အိပ်ပျော်နေရှာတဲ့ သားလေးမျက်နှာကို ကြည့်ပြီး ဖေဖေမြင့်မြတ်ကတော့ အမောပြေသွားမှာ အသေအချာပါပဲနော်..။

Photo - မြင့်မြတ်၊ ကေညီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။