ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်ထွန်းကတော့ သူမချစ်တဲ့ ပြည်သူတွေအတွက် ကြိုးစားလှုပ်ရှားမှုလေးတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်နော်..။

မဲဆန္ဒရှင်အသိပညာပေးကွင်းဆင်းခဲ့စဉ်က ပြည်သူတွေရဲ့ စည်ပင်ဆိုင်ရာအခက်အခဲတွေအတွက် လှုပ်ရှားမှုလေးတွေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်..။

မဲဆန္ဒရှင် အသိပညာပေးအစီအစဉ်မှာ ကိုယ်တိုင်ကွင်းဆင်းခဲ့ပြီး ပြည်သူတွေရဲ့စည်ပင်ဆိုင်ရာ အခက်အခဲတွေနဲ့ အကြောင်းအရာစကားသွလေးတွေကို နားထောင်ပေးခဲ့သလို အမိုက်တွေကိုလည်း စနစ်တကျစွန့်ပစ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်..။

နောက်ဖေးဈေးလမ်းမှ ဈေးရောင်းဈေးဝယ်ပြည်သူတွေကိုလည်း အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့ကိုလည်း တိုက်တွန်းရင်း ဈေးသည်တွေရဲ့ အခက်အခဲတွေ ဈေးဝယ်သူတွေရဲ့ မိုးတွင်းရေကြီးရေလျံှတဲ့ အကြောင်းအရာတွေအပြင် ရပ်ကွက်နေ ပြည်သူတွေရဲ့ အမှိုက်၊ မိလ္လာရေဆိုးစွန့်ပစ်တဲ့စနစ်တွေ နဲ့ ပတ်သတ်ပြီး လက်တွေ့ကြုံတွေ့နေကြတဲ့ ပြည်သူပရိသတ်တွေရဲ့ အမြင်တွေကိုလည်း ကြားသိမှတ်သားခဲ့တယ်လို့ ဆိုပါတယ်နော်..။

ပြည်သူပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံကာ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ စကားသံကို လေးလေးစားစား နားထောင်ပေးခဲ့တဲ့ ထက်ထက်ထွန်းရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို ယုံကြည်မှုလေးတွေနဲ့အတူ အချစ်ပိုစေပြန်ပါတယ်နော်..။

ဈေးရောင်းဈေးဝယ် ပြည်သူပရိသတ်တွေနဲ့ တရင်းတနှီးပျော်ပျော်ပါးပါး တွေ့ဆုံခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး "စိတ်ရှည်လက်ရှည်နဲ့ ဖေပေးကြတဲ့ သူတွေကိုလည်း ဒီကနေ ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်.." ဆိုပြီးတော့လည်း ကျေးဇူးတင်စကားလေး ဆိုထားတာလည်း တွေ့ရပါတယ်နော်..။

Photo - ထက်ထက်ထွန်း၊ Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။