ဒီနှစ် အကယ်ဒမီပေးပွဲကြီးမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ်လေးတွေကိုတော့ ပရိသတ်တွေ အားလုံးက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေဖြစ်တဲ့ ရွှေကြိုမောင်မယ်လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကို ချစ်စရာကောင်းသူလေးတွေ ဖြစ်ပါတယ်။ အခုဆိုရင် ရွှေကြိုလေးတွေက အကယ်ဒမီပေးပွဲကြီးအတွက် အတူတူ လေ့ကျင့်ပြင်ဆင်ရင်း အရမ်းကို ခင်မင်ရင်းနှီးနေကြပြီ ဖြစ်ပါတယ်။

အခုလည်း ရွှေကြိုမယ်လေးတွေထဲက ခင်လှိုင့်ရဲ့သမီးလေး သဇင်ထူးမြင့်နဲ့ သရုပ်ဆောင် နန်းရွှေရည်တို့နှစ်ယောက် Magazine တစ်ခုအတွက် shooting လေးတစ်ခုကို အတူရိုက်ကူးခဲ့ကြပါတယ်။ သင်္ကြန်အတွက် ရိုက်ကူးရေးပြုလုပ်နေတဲ့ သူမတို့နှစ်ယောက်ကတော့ အမိုက်စားဖက်ရှင်တစ်မျိုးစီနဲ့ လှသွေးကြွယ်နေကြတာ တွေ့ရပါတယ်။ မျိုးဆက်သစ်ရွှေကြိုမယ်လေးနှစ်ယောက်ရဲ့အလှကတော့ မြင်သူတိုင်းရင်ကို အေးချမ်းစေနိုင်ပါတယ်။

အခုလည်း နန်းရွှေရည်က သဇင်ထူးမြင့်နဲ့အတူ ရိုက်ကူးနေတဲ့ ရူတင်က ပုံရိပ်လေးတွေကို ''Fashion Magazine Photo Shooting ဒီနေ့ရိုက်ဖြစ်တဲ့ပုံကြမ်းလေးတွေနော် ပုံအချောသပ်ပြီးပြန်တင်ပေးပါ့မယ် သင်္ကြန်အတွက် free style လေးပေါ့ '' ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ အလှတစ်မျိုးစီနဲ့ ပေါ်လွင်နေတဲ့ သဇင်နဲ့ နန်းကတော့ ပရိသတ်တွေရဲ့အသည်းကို ခြွေယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ရွှေကြိုမယ်လေးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nan Shwe Yee;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။