နှစ်စဉ်နှစ်တိုင်း ထူးချွန်ထက်မြတ်တဲ့ အနုပညာရှင်တွေကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးကတော့ မကြာမီအချိန်အတွင်းမှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ နှစ်တိုင် ရုပ်ရှင်ဇာတ်ကားကောင်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကိုရရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေကလည်း ယခုလာမယ့် ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဘယ်သူတွေ ရရှိမလဲဆိုတာကို ရင်ခုန်နေရဆဲဖြစ်ပါတယ်။

အကယ်ဒမီဆုတွေထဲကမှာ ပရိသတ်တွေရင်အခုန်ရဆုံးဆု တစ်ဆုဖြစ်တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ယခုနှစ်မှာလည်း ပရိသတ်တွေက ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။ ဒါကြောင့် ၁၉ရာစုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးက ယခုဆိုရင် ၂၀ရာစုကိုတောင် ကျော်လွန်လာခဲ့ပါပြီ။ ဒါကြောင့် ပရိသတ်တွေအတွက် အမှတ်ရစရာတွေဖြစ်စေမယ့် ၂၀၀၀ခုနှစ်မှ စပြီး ၂၀၁၇ ခုနှစ်ထိ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်တန်စွာ ရရှိခဲ့ကြတဲ့ အရည်အချင်းရှိတဲ့ မင်းသမီးချောလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၂၀၀၀ ခုနှစ်အတွက် နှုတ်ခမ်းထက်က ထားသွား ဇာတ်ကားဖြင့် မျိုးသန္တာထွန်း၊ ၂၀၀၁ ခုနှစ်အတွက် ပူးတွဲ ဇာတ်ဆောင်ဆုအဖြစ် မေသန်းနု နှင့် ထက်ထက်မိုးဦး၊ ၂၀၀၂ခုနှစ်အတွက် မျိုးစန္ဒီကျော်၊ ၂၀၀၃ခုနှစ် နဲ့ ၂၀၀၅ ခုနှစ်မှာ ထွန်းအိန္ဒြာဗိုလ်၊ ၂၀၀၄ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒြာကျော်ဇင်၊ ၂၀၀၆ ခုနှစ်တွင် နန္ဒာလှိုင်၊ ၂၀၀၈ ခုနှစ်တွင် မို့မို့မြင့်အောင်၊ ၂၀၁၀ နဲ့ ၂၀၁၆ မှာ သက်မွန်မြင့်၊၂၀၁၁ မှာ မယ်လိုဒီ၊ ၂၀၁၂ နဲ့ ၂၀၁၅ မှာ ဖွေးဖွေး၊ ၂၀၁၃ မှာ ဝတ်မှုံရွှေရည် နဲ့ ၂၀၁၄ မှာ ခိုင်သင်းကြည် တို့က ထိုက်တန်စွာဆွတ်ခူးရရှိခဲ့တဲ့ အကြောင်းအမှတ်တရ အနေနဲ့ပြန်လည်ဖော်ပြလိုက်ရပါတယ်။

Source:Myanmar Academy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။