၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် (Week 10) ပွဲကြို သုံးသပ်ချက်

၁-၄-၂၀၁၇ ရှမ်းယူနိုက်တက် - ဆောက်သမ်း (ညနေ ၄းဝဝ) တောင်ကြီး

အမှတ်ပေးဇယား တတိယက ရှမ်းယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ တစ်ပတ်မှာ မကွေးလို မာကျောတဲ့အသင်းကို အနိုင်ကစားထားနိုင်တဲ့ အသင်းပါ။ ရှမ်း ယူနိုက်တက်နဲ့ ကစားမယ့် ဆောက်သမ်းအသင်းကတော့ ပွဲစဉ် ကိုးပွဲကစားအပြီးမှာ နိုင်ပွဲ တစ်ပွဲပဲ ရထားသေးပြီး လေးပွဲ သရေ၊ လေးပွဲ ရှုံးထား ပါတယ်။ဒါ့အပြင် ဆောက်သမ်းအသင်းရဲ့ အဓိက အားနည်းချက် တစ်ခုဖြစ်နေ တာ ကိုးပွဲကစားပြီးမှာ တိုက်စစ်ပိုင်းက ရဂိုး လေးဂိုးပဲ ရထားတာပါပဲ။ ဆောက်သမ်းအသင်း အခုကစားရမယ့်အသင်းက လက်ရှိဒီရာသီမှာ ဒုတိယခံစစ်အကောင်းဆုံးအသင်းဖြစ်နေတာကြောင့် အခက်တွေ့နိုင်ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက ရန်ကုန်နဲ့ ရတနာပုံ ပွဲကြပ်တွေ့နေချိန်မှာ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲကို အမှတ်ပြည့်ယူနိုင်အောင် ကြိုးစားမှာ သေချာနေပါတယ်။

၁-၄-၂၀၁၇ မကွေး - ဇွဲကပင် (ညနေ ၄:၀၀) သုဝဏ္ဏ

နှစ်ပွဲ ဆက် နိုင်ပွဲ ပျောက်နေတဲ့ မကွေးအသင်းက လက်ရှိ လိဂ်ပြိုင်ပွဲမှာလဲ ရုန်းကန်နေရသလို AFC Cup ပြိုင်ပွဲမှာလဲ ရလဒ်တွေ ဆိုးရွားနေတာ တွေ့ရ

ပါတယ်။ အလားတူပဲ မကွေးအသင်းနဲ့ ကစားမယ့် ဇွဲကပင်အသင်းကလဲ နှစ်ပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ အမှတ်ပေးဇယား အဆင့် ၅ ကို ရောက်ရှိ ခဲ့ပါတယ်။လက်ရှိမှာ မကွေးအသင်းက အဆင့် ရ နေရာမှာ ရပ်တည်နေပြီး ဇွဲကပင်အသင်းက အဆင့် ၅ မှာ ရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရလဒ်တွေကို ပြန်ကြည့်ရင် ပထမအကျော့မှာ မကွေးအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့သလို ဒုတိယအကျော့မှာလဲ မကွေးအသင်းကပဲ ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီတစ်ကြိမ်တွေ့ဆုံရာမှာတော့ မကွေးအသင်းကပဲ ရလဒ်ကောင်းတွေ ဆက်ပြီး ထိန်းနိုင်မလား..ဒါမှမဟုတ် ဇွဲကပင်အသင်းကပဲ ရှုံးကြွေး ဆပ်သွား နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

၁-၄-၂၀၁၇ နေပြည်တော် - GFA (ညနေ ၄:၀၀) ဝဏ္ဏသိဒ္ဓိ

အမှတ်ပေးဇယား အဆင့် ၈ ကနေ အဆင့် ၁၂ အတွင်းမှာ ရှိနေတဲ့ နေပြည်တော်၊ ဟံသာဝတီ၊ ဆောက်သမ်း၊ ချင်းယူနိုက်တက်၊ GFA အသင်းတို့ဟာ တစ်သင်းနဲ့တစ်သင်း အမှတ်သိပ်မကွာဟကြပါဘူး။ အမှတ်ပေးဇယား အောက်ခြေမှာရှိတဲ့ အသင်းအချင်းချင်းတွေ့ဆုံတဲ့အချိန်မှာ အမှတ်ပြည့်ယူထားနိုင်မှ တန်းဆင်းဇုန်က လွတ်မြောက်ဖွယ်ရှိမှာပါ။ လက်ရှိအချိန်မှာ နေပြည်တော်အသင်းက ရမှတ် ရှစ်မှတ်နဲ့ အဆင့် ရှစ်နေရာမှာ ရပ်တည်နေပြီး GFA အသင်းက ရမှတ် ငါးမှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ ခြေစွမ်းအရလဲ သိပ်မကွာကြလို့ ဒီပွဲစဉ်က ကြည့်ကောင်းမယ့် ပွဲကောင်းတစ်ပွဲပါပဲ။

၁-၄-၂၀၁၇ ရန်ကုန် - ရတနာပုံ (ညနေ ၄:၀၀) YUSC Live

အမှတ်ပေးဇယား အဆင့် ၁ က ရန်ကုန်နဲ့ အဆင့် ၂ က ရတနာပုံအသင်းတို့ရဲ့ တွေ့ဆုံမှုကလဲ စိတ်ဝင်စားဖို့ အကောင်းဆုံးပွဲစဉ်တစ်ပွဲပါပဲ။ နှစ်သင်း

စလုံးမှာ အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားကောင်းတွေပါသလို နိုင်ငံခြားကစားသမားကောင်းတွေလဲ ရှိနေကြပါတယ်။ ရန်ကုန်နဲ့ ရတနာပုံတို့ ရဲ့၂၀၁၆ ခုနှစ်တုန်းက တွေ့ဆုံမှု ရလဒ်တွေကိုကြည့်ရင် ပထမအကျော့ ရတနာပုံအိမ်ကွင်းမှာ ရတနာပုံအသင်းက ၃-၂ ဂိုးနဲ့ နိုင်ခဲ့သလို ဒုတိယအကျော့

YUSC ကွင်းမှာလဲ ရတနာပုံအသင်းကပဲ ၂-၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရန်ကုန်အသင်းပဲ ၂၀၁၆ ခုနှစ်က ရှုံးကြွေးတွေကို ပြန်ဆပ်နိုင် မလား..ရတနာပုံကပဲ စံချိန်ကောင်းတွေ ဆက်ထိန်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်နေပါတယ်။

၂-၄-၂၀၁၇ ရခိုင်ယူနိုက်တက် - ချင်းယူနိုက်တက် (ညနေ ၄:၀၀) ဝေသာလီ

ရခိုင်ယူနိုက်တက်အသင်းက အိမ်ကွင်းမာတဲ့ အသင်းလို့ ပြောနိုင်ပါတယ်။ လက်ရှိရခိုင်အသင်းရဲ့ ဝေသာလီကွင်းမှာ လေးပွဲကစားပြီး လေးပွဲစလုံး ရှုံးပွဲ

မရှိအောင် ကစားထားနိုင်တဲ့အသင်းပါ။ ရခိုင်ယူနိုက်တက်နဲ့ ကစားမယ့် ချင်းယူနိုက်တက်အသင်းက ကစားပုံမာကျောတဲ့ အသင်းတစ်သင်းဖြစ်လို့ လျော့

တွက်လို့ လုံးဝမရတဲ့ အသင်းတစ်သင်းပါ။ လက်ရှိမှာ ရခိုင်ယူနိုက်တက် အသင်းက အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချင်းယူနိုက်တက်အသင်းက အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ ကစားပုံမာကျောတဲ့ ချင်းယူနိုက်တက်အသင်းကို ရခိုင်ယူနိုက်တက်တို့ ဘယ်လို ဧည့်ခံသွားမလဲ....။

၂-၄-၂၀၁၇ ဟံသာဝတီ - ဧရာဝတီ (ညနေ ၄းဝဝ) တောင်ငူ Live

ဘောလုံးရာသီအစမှာ ရလဒ်သိသိသာသာ ဆိုးရွားခဲ့တဲ့ ဟံသာဝတီအသင်းက ပထမအကျော့ပြီးခါနီးမှာလဲ ထင်သလောက် ခြေစွမ်းတိုးတက်လာ တာ

မရှိသေးပါဘူး။ ဟံသာဝတီအသင်းက သုံးပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး တစ်ပွဲ နိုင်၊ လေးပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ် ခုနစ်မှတ်နဲ့ အဆင့် ရ နေရာမှာ ရပ်

တည်နေပါတယ်။ ဟံသာဝတီနဲ့ ကစားမယ့် ဧရာဝတီအသင်းက ပထမ အကျော့ပြီးခါနီးမှာ ခြေစွမ်းပိုမိုကောင်းမွန်လာတာတွေ့ရပြီး နောက်ဆုံး သုံးပွဲ

ဆက် နိုင်ပွဲရခဲ့လို့ အမှတ်ပေးဇယား အဆင့် ၄ ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ၂၀၁၆ တွေ့ဆုံမှုကိုကြည့်ရင် ပထမအကျော့ ဧရာဝတီ အိမ်ကွင်း

မှာ ဟံသာဝတီက ၄-၁ ဂိုးနဲ့ နိုင်ခဲ့ပြီး ဒုတိယအကျော့ တောင်ငူကွင်းမှာတော့ တစ်ဂိုးစီ သရေကျထားပါတယ်။

ဧပြီ ၁၊ ၂ ရက်များတွင် ကစားမည့် 2017 MNL-I (Week-10) ပွဲစဉ်များ

------------------------------------------------------------------------

၁-၄-၂၀၁၇ ရှမ်းယူနိုက်တက် - ဆောက်သမ်း (ညနေ ၄းဝဝ) တောင်ကြီး

၁-၄-၂၀၁၇ မကွေး - ဇွဲကပင် (ညနေ ၄:၀၀) သုဝဏ္ဏ

၁-၄-၂၀၁၇ နေပြည်တော် - GFA (ညနေ ၄:၀၀) ဝဏ္ဏသိဒ္ဓိ

၁-၄-၂၀၁၇ ရန်ကုန် - ရတနာပုံ (ညနေ ၄:၀၀) YUSC Live

၂-၄-၂၀၁၇ ရခိုင်ယူနိုက်တက် - ချင်းယူနိုက်တက် (ညနေ ၄:၀၀) ဝေသာလီ

၂-၄-၂၀၁၇ ဟံသာဝတီ - ဧရာဝတီ (ညနေ ၄းဝဝ) တောင်ငူ Live

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။