ပရိသတ်ကြီးရေ Miss လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေပြီး မော်ဒယ်လ်သရုပ်ဆောင် ရွှေအိမ်စည်ကို သိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုကြောင့် ပုရိသတွေရဲ့ အသည်းစွဲ ဝန်းရံအားပေးမှုကိုလက်ခံရရှိထားတာဖြစ်ပါတယ်။ နိုင်ငံတာကာအဆင့်မှီတဲ့ အရပ်အမောင်းပိုင်းဆိုင်သူဖြစ်ပြီး မြင်သူတကာ ကြွေဆင်းသွားလောက်တဲ့ အပြုံးပါးချိုင့်ပိုင်ရှင် တစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ "ဂျင်" ပါတီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေမှာ အမြဲဖိတ်ကြားခံရတဲ့ ထိပ်တန်းမော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲပျော်ပျော်ရွှင်ရွှင်နေတက်သူဖြစ်ပြီး ရိုးသားဖြူစင်တဲ့ စိတ်ထားရှိသူတစ်ဦးလည်းဖြစ်တဲ့အပြင် အိမ်စည်ဟာ ခန္ဓာကိုယ်အချိုအစားပြေပြစ်လှပရုံတင်မက ကလေးတစ်ယောက်လို ချစ်စဖွယ်အပြုံးမျက်နှာထားလေးကြောင့် ယောကျာ်းလေးပရိသတ်တွေကသာမက ၊ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာဖြစ်တယ်။

ရွှေအိမ်စည်ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခု ဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "If anyone can have it I don’t want it I don’t want some cheap ass stuff in my life." ဆိုတဲ့ stauts လေးနဲ့တကွ ပုရိသတွေစွဲမက်ဖွယ်အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Shwe Eain Si 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။