မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့ တစ်ဦးတည်းသော သားဦးလေးဖြစ်တဲ့ Liam လေးကတော့ အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ကလေးလေး ဖြစ်ပါတယ်။ ဘိုးဘိုးဖြစ်သူ ဦးလွင်မိုးနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ Liam လေးက တစ်အိမ်လုံးရဲ့အသည်းကျော်လေးဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တော်လေးလည်း ဖြစ်ပါတယ်။ ဆံပင်ထောင်ထောင်လေးတွေနဲ့ ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ Liam လေးကိုတော့ မြင်သူတိုင်းက ချစ်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယွန်းဝတီက နိုင်ငံခြားမှာ ကျောင်းပြန်တက်နေရတာကြောင့် သား Liam လေးကို ဘိုးဘိုး၊ဘွားဘွားတွေနဲ့ ထားခဲ့ရပြီး အားလုံးက ဝိုင်းဝန်းစောင့်ရှောက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အစ်မဖြစ်သူမရှိတဲ့အချိန်မှာတော့ ယွန်းနဒီလွင်မိုးက Liam လေးကို အရမ်းချစ်ပြီး ဂရုစိုက်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုလည်း တီတီယွန်းက Liam လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ပေးထားပါတယ်။

တီတီယွန်းက တူချောလေးရဲ အသည်းယားစဖွယ် အမူအရာလေးတွေကြောင့် အသည်းနှလုံးတစ်ခုလုံး အရည်ပျော်ကျခဲ့ရတာ ဖြစ်ပါတယ်။ တူလေးကို ချစ်မဝဖြစ်နေတဲ့ ယွန်းက ဗီဒီယိုဖိုင်လေးနဲ့အတူ Liam လေးကို ဘယ်လောက်လွမ်းကြောင်းလည်း ပြောပြထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာတဲ့ Liam လေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source :Yunnadylm; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။