ပရိသတ်တွေကြားမှာ အားကျရလောက်တဲ့ ချစ်သူစုံတွဲလေးအဖြစ် နာမည်ကြီးနေတဲ့ ဘေဘီမောင်နဲ့ သားဂန်းတို့ နှစ်ယောက်လုံးက တစ်ယောက်ကိုယ်တစ်ယောက် အရမ်းချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ အသက်အရွယ်ကွာခြားမှုကြောင့် မနဲ့ မောင် စုံတွဲလေးအဖြစ် ပရိသတ်တွေကြားမှာ ပိုပြီး ရေပန်းစားရတဲ့ အတွဲလေးဖြစ်ပါတယ်။


ချစ်သူဖြစ်တဲ့ သားဂန်းက သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားနိုင်သလို ဘေဘီမောင်ကလည်း သူမရဲ့ စိတ်ထားကောင်းပုံလေးကြောင့် တက်သစ်စ မင်းသမီးတစ်ဦးအဖြစ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူလေးပါ။ နှစ်ယောက်သား တွဲလာတဲ့ အချိန်က ကြာမြင့်ခဲ့ပေမယ့် တစ်ဦးနဲ့ တစ်ဦးဘယ်တော့မှ လျော့မသွားတဲ့ အချစ်တွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်နိုင်ဖို့ အလုပ်တွေကြိုးစားလုပ်နေကြတာက ပရိသတ်တွေကို အားကျဖို့ကောင်းတဲ့ စုံတွဲလေးတစ်တွဲဖြစ်စေခဲ့တာပါ။

ယခုလည်း ချစ်သူနှစ်ဦး အလုပ်ကိစ္စတစ်ခုကြောင့် ငပလီကမ်းခြေကိုရောက်ရှိနေပြီး ပျော်ရွှင်ကြည်နူးနေကြတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ စုံတွဲလေးကို မြင်တွေ့ရမှာပါ။ ကမ်းခြေရောက်တုန်း ကလေးတွေလို ဆော့နေရင်း သားဂန်းက သစ်ပင်ပေါ်တက်ပုန်းနေတာကို အောက်ကနေ စိုးရိမ်တကြီး အတင်းဆင်းခိုင်းနေတဲ့ ဘေဘီမောင်ရဲ့ ချစ်သူကို စိတ်ပူနေတဲ့ ပုံရိပ်လေးကို ချစ်စရာမြင်တွေ့ရမှာပါ။ နှစ်ယောက်သား ပျော်ရွှင်စွာနဲ့ ကလေးတွေလို ကစားနေကြတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

Source:Kyaw Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။