အဆိုကောင်းရုံသာမကပဲ သရုပ်ဆောင်ပိုင်းမှာပါ ပီပြင်လာပြီဖြစ်သော စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်ကတော့ ဆယ်စုနှစ်တိုင်အောင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဝေဖန်မှုတွေများစွာရင်ဆိုင်ရသော်လည်း ဘယ်တော့မှအပြုံးမပျက်ဘဲ ရင်ဆိုင်တတ်တဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါ့အပြင် ယနေ့အချိန်အထိ နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ချစ်ခင်ခြင်းကို ရရှိထားတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ပါ ။ 

သူ့ရဲ့showပွဲတိုင်းကလည်းပရိသတ်တွေကွင်းလုံးပြည့်နဲ့ပွဲတိုင်းမှာတွေ့ရတာပါ။မကြာမီလပိုင်းအတွင်းမှာလည်းသူရဲ့မွေးနေ့အတွက်ပရိသတ်တွေကစိတ်ဝင်စားနေကြပါပြီ။နှစ်စဉ်နှစ်တိုင်းလုပ်တာတာဒီနှစ်ဆို၁၅ကြိမ်မြောက်မွေးနေ့showကိုလုပ်တော့မှာဖြစ်ပါတယ်။ဒီနှစ်မှာလည်းထူးခြားတဲ့အထိမ်းမှတ်တွေပါမှာဖြစ်တာကြောင့်ခုချိန်ထဲကပရိသတ်တွေရင်ခုန်နေတာပါ။ 

စိုင်းစိုင်းဟာ လက်ရှိမှာတော့ မော်လမြိုင်ကို Frenzo Artists များနဲ့သီချင်းဖျော်ဖြေဖို့ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ ခရီးသွားနေတဲ့ကားပေါ်မှာ အိပ်မောကျနေတဲ့ ဘန်နီဖြိုးကို ဗီဒီယိုရိုက်ပြီး ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဘန်နီဟာတော့ စိုင်းစိုင်းဘေးကနေ သီချင်းတွေအော်ဆိုနေတာတောင် လုံးဝမနိုးဘဲအိပ်မောကျနေတာပါ။ စိုင်းစိုင်းတစ်ယောက် ဘန်နီကိုဆေးထိုးထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။