ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ တက်သစ်စ သရုပ်ဆောင်မိန်းကလေးတစ်ယောက်ဖြစ်ပင်မဲ့ ယခုမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူလေးပဲဖြစ်ပါတယ်။ သူမကတော့ သူမရဲ့အရမ်းကိုပီပြင်တဲ့ အကလေးတွေနဲ့အတူ ချစ်စရာကောင်းလွန်းတဲ့ သရုပ်ဆောင်လေးတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်နေတဲ့ အနုပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။ ကြော်ငြာတွေအများကြီးလည်း လက်ခံရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်ကြီးအနေနဲ့ချီးကျူးအားပေးထိုက်သူတစ်ယောက်ဖြစ်ပါတယ်။သူမကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေလည်း ရှိသလို ဝေဖန်ပြောဆိုတဲ့ပရိတ်သတ်တွေလည်းရှိပင်မဲ့ အနုပညာသမားတစ်ယောက်ရဲ့စိတ်ဓာတ်ကိုအပြည့်အဝမွေးပြီး အားလုံးကို မေတ္တာနဲ့ပဲတုံ့ပြန်ခဲ့တာဖြစ်လို့ ပရိသတ်ကြီးအနေနဲ့ မုဒိတာပွားဖွယ်အားပေးနိုင်မှာပဲဖြစ်ပါတယ်။

ဖြူဖြူထွေးဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာကိုတွေ့ရမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်း "မနက်ဖြန် ခရမ်းမြို့ သွန်းဘုရားကြီးဗုဒ္ဓပူဇနိယပွဲ မှာလာရောက် ဖျော်ဖြေးပါ့မယ်ရှင့်(၁၆.၃.၂၀၁၉)" ဆိုတဲ့ အသိပေးအကြောင်းကြားထားတဲ့ status လေးကို tik tok ဗီဒီယိုဖိုင်လေးနဲ့တကွ သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။