“ Sugar Daddy ” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အဖွဲ့လေးကတော့ Team 143 ပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့လေးဟာ အချိန်တိုအတွင်း အောင်မြင်မှုများစွာနဲ့ ဂီတလမ်းကြောင်းပေါ်မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

သူတို့လေးယောက်ဟာအမြဲစည်းစည်းလုံးလုံးနဲ့ရှိရတာကြောင့်သူတို့ရဲ့စည်းလုံးမှုလေးကပရိသတ်တွေအားကျနေရတာပါ။ အချိန်တိုအတွင်းသူတို့ရဲ့အောင်မြင်မှုတွေကလည်းပရိသတ်တွေမချီးကျူးပဲကိုမနေနိုင်တာပါ။ 

သူတို့ရဲ့အအောင်မြင်ဆုံးလို့ပြောရမယ်"မတ်မတ်"သီချင်းmtvလေးကလည်းမကြာသေးခင်ကထွက်ရှိထားပြီးပရိသတ်တွေအားပေးမှုအပြည့်ရထားတာဖြစ်ပါတယ်။အဲ့သီချင်းmtvလေးမှာပါဝင်သရုပ်ဆောင်ထားတဲ့နွယ်ဒါလီထွန်းကလည်းလတ်တလောမှာနာမည်ကြီးပြီးပရိသတ်အားပေးမှုတစ်ခဲနက်ရထားတဲ့မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။မကြာခင်မှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးတော့မှာဖြစ်တဲ့မတ်မတ်ရဲ့သရုပ်ဆောင်မှုတွေဘယ်လောက်ထိပရိသတ်တွေကိုဆွဲဆောင်သွားနိုင်မလဲဆိုတာ"မတ်မတ်"သီချင်းmtvလေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Source - Double J

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။