ပရိသတ်ကြီးရေ...အခုလတ်တလောမှာနာမည်ကြီးလူကြိုက်များလာတဲ့ မင်းသာချောလေး ခါရာကိုသိကြမယ်ထင်ပါတယ်နော်။ နိုင်ငံတကာစံချိန်မှီတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် action မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာလောကထဲကို ခြေချဝင်ရောက်လိုက်တာ အချိန်ကာလအားဖြင့် မကြားသေးပင်မဲ့ သဘာဝကျကျ သရုပ်ဆောင်ပီပြင်မှုကြောင့် အချိန်တိုအတွင်းမှာပဲ ပရိသတ်အများရဲ့ တစ်ခဲနက်အားပေးမှုကိုလက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

gym ကို အချိန်ပေးပြီး ပုံမှန်စနစ်တကျနဲ့ ကစားတဲ့ ခါရာဟာ တစ်ကယ့်ကို နိုင်ငံခြားမင်းသားနဲ့တန်းတူ အရေအချင်းပြည့်စုံတာပဲဖြစ်ပါတယ်။ ကိုးရီးယားမင်းသားတစ်ယောက်လို နုပျိုတဲ့ မျက်နှာအနေအထားရှိပင်မဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားတွေကိုပဲ အဓိကထားရိုက်ကူးလာတာကြောင့်ပရိသတ်တို့ရဲ့ အမြင်မှာတစ်မျိုးဆန်းပြီး အားပေးမှုတွေများပြားလာတာဖြစ်ပါတယ်။ ရဲနောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ "မနေ့ကဖြစ်သည် ၂"Mrtv-4 ရုပ်သံဇာတ်လမ်းတွဲမှာလူသိများခဲ့တာဖြစ်ပြီး "အဆိပ်ရှိလူရိုင်း"ရုပ်ရှင်ဇာတ်ကားကြီးထဲမှလည်း သဘာဝကျကျ သရုပ်ဆောင်ခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် "မြို့ပြမုဆိုးများ"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ခါရာဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "ကိုယ့်ရင်ခွင်က ပင်လယ်ကြီးလောက် မကျယ်ပေမဲ့ မင်းတစ်ကိုယ်စာအတွက်တော့ ကောင်းကောင်းခိုလှုံလို့ရပါတယ်..." ဆိုတဲ့ status လေးနဲ့တကွ အမိုက်စားပုံရိပ်လေးတွေကို သူရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Soource Khar Ra 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။