ဗီဒီယိုဇာတ်ကားတွေခေတ်ထဲကပရိသတ်တွေအားပေးမှုကိုရထားပြီးယနေ့တိုင်အောင်မြင်မှုသရဖူဆောင်းထားနိုင်တာကတော့မင်းသမီးလေးသက်မွန်မြင့်ပဲဖြစ်ပါတယ်။ယနေ့တိုင်ပရိသတ်တွေအားပေးမှုအပြည့်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေအလှတွေကလည်းပရိသတ်တွေသာမကအနုပညာရှင်တွေကပါအားကျချစ်ခင်နေရတာပါ။ 

ပရိသတ်အချစ်တော်ချစ်သက်ကတော့ခုမှာသားသမီးတွေနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝအချိန်လေးတွေကိုဖြတ်သန်းနေတာဖြစ်ပါတယ်။သူတို့မိသားစုပုံရိပ်လေးတွေကလည်းပရိသတ်တွေသာမကအနုပညာရှင်တွေကပါအားကျနေရတာပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်ရိုက်ကူးနေရတာဖြစ်ပြီးပီပြင်တဲ့ကာရိုက်တာတွေကြောင့်လည်းသူ့ဇာတ်ကားတိုင်းကဇာတ်လမ်းရဲ့ရသအပြည့်ပေးနိုင်တာဖြစ်ပါတယ်။ 

အနုပညာအလုပ်တွေကိုအရင်လိုမလုပ်တော့ပေမယ့်အကောင်းဆုံးကြိုးစားပြီပရိသတ်တွေကိုတင်ဆက်ပေးနေတာပါ။သူမရဲ့ပုံရိပ်လေးတွေတိုင်းကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးသူ့ပုံရိပ်တိုင်းကပရိသတ်အားပေးမှုအပြည့်ရထားတာဖြစ်ပါတယ်။ခုမှာလည်းနတ်သမီးတစ်ပါးဆင်းသက်လာသလားလို့ထင်ရတဲ့ပွဲတက်ပုံရိပ်တွေနဲ့ဖမ်းစားလိုက်တာပါ။ယနေ့တိုင်နုပျိုပြီးအလှတွေပိုနေတဲ့ချစ်သက်ရဲ့ပွဲတက်ပုံရိပ်လေးတွေကိုလည်းချစ်ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Photo - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။