ပရိသတ်တွေရဲ့ အချစ်ကိုရရှိထားတဲ့ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားအနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး ပိုးကြာဖြူခင်ဟာဆိုရင် MRTV-4 မှာ ထုတ်လွှင် ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ သူမရဲ့အိုင်တင်တွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုချိန်ထိ ထင်ကျန်ရစ်နေအောင် သရုပ်ဆောင်ကောင်းတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေကို ရရှိထားရုံသာမက ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း အခိုင်အမာရရှိထားတဲ့ သူတစ်ဦးဖြစ်နေပါပြီ။

ယခုလတ်တလောမှာတော့ Mrtv 4က ထုတ်လွှင့်တဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲ တွေကို ရိုက်ကူးလျက်ရှိပြီး ကြော်ငြာတွေကိုလည်းရိုက်ကူးပေးနေပါတယ်နော်။ချစ်စရာကောင်းတဲ့ ပိုးကြာဖြူခင်ကတော့ သူမရဲ့တစ်နေ့တာမှာဘာတွေ လုပ်တယ်ဆိုတဲ့ အကြောင်းကို အမြဲ ပရိတ်သတ်တွေကို အသိပေးနေကျဖြစ်ပါတယ်။ကျော့ရှင်းတဲ့ အလှတရားတွေနဲ့ မြန်မာမှုမြန်မာဟန်လေးတွေကို နှစ်သက်သူမို့ ဆံပင်အရှည်ကြီးကို ပိုင်ဆိုင်ထားတဲ့ အရမ်းကိုမြန်မာဆန်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်နော်။

ပိုးကြာဖြူခင်က အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်နဲ့ ကြိုးစားပမ်းစားလုပ်ဆောင်နေသူမို့ ပရိတ်သတ်တွေရဲ့ကြားမှာအရမ်းကိုရေပန်းစားတဲ့ တက်သစ်စ အနုပညာရှင်လေးဖြစ်ပါတယ်။တက်သစ်စအနုပညာရှင်ဆိုပေမယ့် သူမရဲ့ အိုင်တင်တွေကတော့ အရမ်းကိုကောင်းလို့ သူမရဲ့ဇာတ်ကားတွေဆိုရင် ပရိတ်သတ်တွေက တစ်ခဲနက်ကိုအားပေးကြတာဖြစ်ပါတယ်။သူမရဲ့ မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ဒီဇိုင်းလေးတွေကလည်း ပရိတ်သတ်ရင်ကို အေးမြစေလို့ သူမရဲ့ မြန်မာဆန်တဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ရပါတယ်။

Source:Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။