ပရိသတ်အချစ်တော်သက်မွန်မြင့်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်ဖြစ်သလို အောင်မြင်မှုသရဖူတွေကိုလဲ ရယူထားနိုင်သူဖြစ်ပါတယ်။ အိုက်တင်အမျိုူးမျိူး ဇာတ်ရုပ်အမျိုးမျိူးကိုပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်ထားနိုင်တာကြောင့် အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ စွယ်စုံရအနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။   

ယနေ့မှာတော့ ချစ်သက်လေးဟာStar Awardsဆုလေးအတွက် ရင်ခုန်ခဲ့ရပေမဲ့ ယခုတော့ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ချစ်သ်ကလေးကတော့ " ဒီ Star Awards ရဲ့ People Choice ဆု ကို မွန် ရင်ခုန်ခဲ့ပါတယ်ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အင်အားကိုပါ မြင်ရမှာထုတ်ပြခွင့်ရမှာဆိုပြီးတော့ပေါ့။

ခုတော့ နှုတ်ထွက်လိုက်ပါပြီနော်!!!Voting စနစ်မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ် ပါလာတာဖြစ်တဲ့တွက် မွန့်ကို ချစ်တဲ့သူတွေရဲ့ ပိုက်ဆံမဖြုန်းချင်ပါဘူး...မွန် ချစ်တဲ့ ပရိသတ်တွေတိုင်းရဲ့ ၁၅ကျပ်ကို တန်ဖိုးထားလို့ အဲ့ဒီဆုမလိုချင်တော့ပါဘူးနော်၁ စောင် ၁၅ ကျပ်နဲ့ မရပ်ပဲ အကန့်သတ်မဲ့ဆိုတော့ ပိုပြီး မလိုလားပါဘူး..

မွန့် ကို ချစ်တဲ့သူတွေဘက်က ခံစားမှုသက်သက်ပါ... ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူးရှင်အမုန်းလည်း မပွားကြပါနဲ့ဦးချစ်ခြင်းတွေနဲ့ Vote ပြီးသားဖြစ်တဲ့ ချစ်ရတဲ့သူတွေကိုလည်း တောင်းပန်ပါတယ်ရှင်.. ခုချိန်ထိ အနိုင်ရနေတာလေးတွက်လည်း ကျေးဇူးအထူးတင်ပါတယ်လို့"ဆိုပြီးရေးသားထားပါတယ်။

source:သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။