ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက New Zealand မှာ အံသြသင့်စရာ ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကိစ္စတစ်ခုဖြစ်ပေါ်လို့လာခဲ့ပါတယ်။ အဲ့ကိစ္စကတော့ လူတစ်ယောက်ထဲက အယောက် ၄၉ယောက်ကို သေနတ်ခြောက်လက်နဲ့ သွေးအေးစွာ ပစ်သတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူမှာလဲ နာမည်ကြီး သေနတ်ပစ်ကျွမ်းကျင်သမားတစ်ယောက်ဖြစ်ကာ You Tube မှာလဲ ကိုယ်ပိုင်ရုပ်သံတစ်ခုရှိပါတယ်။ ၄၉ယောက် အပစ်ခံရပြီး အယောက် ၄၀သေဆုံးကာ ၉ယောက်မှာ ဒဏ်ရာရခဲ့ပါတယ်။ 

အဲ့အမှုနဲ့ပတ်သတ်ပြီး နာမည်ကျော် အနုပညာရှင်တွေကစိတ်မကောင်းဖြစ်ကြရပါတယ်။ Oscar ဆုရမင်းသားတစ်ယောက်ဖြစ်တဲ့ Russell Crowe ကအဲ့အမှုနဲ့ပတ်သတ်ပြီးစိတ်မကောင်းကြောင်း အရင်ပြောဆိုခဲ့တဲ့သူဖြစ်ပါတယ်။ " NZ မှာအယောက် ၄၀သေခဲ့တယ်...လုံးဝအဓိပ္ပာယ်မရှိတဲ့ဖြစ်ရပ်ပဲ...ခွဲခွာပြီးကျန်ခဲ့ရတဲ့ မိသားစုတွေအတွက်စိတ်မကောင်းပါဘူး...ကျွန်တော်နှလုံးလဲ ကျန်ရစ်သူမိသားစုတွေအတွက် ကွဲခဲ့ရပါပြီ..." ဆိုပြီးတင်ခဲ့ပါတယ်။ 

Thor မင်းသားဖြစ်တဲ့ Chris Hemsworth ကလဲ " ချစ်ခြင်းတရာတွေနဲ့ပြည့်နေတဲ့ NZ.......ကျန်ရစ်သူတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့သူတွေအတွက် ကျွန်တော်နှလုံးသားကို ပေးအပ်ပါတယ် " ဆိုပြီး စိတ်မကောင်းစွာတင်ခဲ့ကာ လူတော်တော်များများရဲ့ရင်ထဲကို ထိစေခဲ့ပါတယ်။ အခြားသောအနုပညာရှင်တွေကလဲ စိတ်မကောင်းဖြစ်စွာ NZ ကအမှုနဲ့ပတ်သတ်ပြီး ရေးတင်ခဲ့ပါတယ်။ လူ၄၉ယောက်ကို တစ်ယောက်ထဲ ပစ်သတ်ဖို့ဆိုတာ တော်ရုံနဲ့မရပါဘူး.....ဒါတော်တော်သွေးအေး Psycho ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့အပြုအမှုပါပဲ။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။