Nick Jonas ဟာဒီအပတ်ထဲမှာ သူရဲ့လောင်းကြေးအတိုင်း သူမိန်းမဖြစ်သူ Priyanka Chopra ကိုကမ္ဘာပေါ်ကဈေးအကြီးဆုံး ဇိမ်ခံကားတွေထဲက တစ်ကားဖြစ်တဲ့ကားတစ်စီးကို လက်ဆောင်ပေးခဲ့ပါတယ်။ ကားရဲ့တန်ဖိုးဟာဆိုရင် ဒေါ်လာ၂သိန်းနီးပါရှိကာ တော်တော်ကိုလဲ ဇိမ်ကျတဲ့ ကားတစ်ကားဖြစ်ပါတယ်။ သူ့မိန်းမကိုလဲ သူတော်တော် ချစ်ပါတယ်....အသက်က ၁၀နှစ်စီကွာကြကာ မနဲ့မောင်ချစ်ခြင်းတွေပေါ့....။ 

Copraဟာလဲ သူယောကျ်ားပေးတဲ့ကားဆိုတော့ မစီးပဲမနေနိုင်ကာ လူတွေကြားထဲမှာ ဂုဏ်ယူစွာပဲ မောင်းနှင်ခဲ့ပါတယ်။ အဲ့ကားနဲ့သူဟာ ဟိုတယ်တစ်ခုကို လာခဲ့ကာ ပျော်ရွှင်နေလျက်ရှိတာကို တွေ့ရှိရပါတယ်။ သူ့ယောကျ်ားဖြစ်သူ Nick တို့ညီအစ်ကိုတွေ့ရဲ့ အဖွဲ့ဖြစ်တဲ့ Jonas Brothers တို့ သီချင်းဟာ Billboardမှာ နံပါတ်တစ်ချိတ်ခဲ့ပါတယ်။ သီချင်းနာမည်ကတော့ Sucker ပဲဖြစ်ကာ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မနားထောင်ရသေးရင် နားထောင်လိုက်ပါအုန်း ပရိသတ်ကြီးရေ.....။ 

Chopra ဟာပြီးခဲ့တဲ့ လကတည်းက The Tonight Show Starring Jimmy Fallon ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့တာဖြစ်ပြီး သူဟာအဲ့အစီအစဉ်မှာ Nickရဲ့ Surname ကိုအမြဲလိုချင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ " မင်းသိမှာပါ အာ့ကဘယ်လိုခံစားရလဲဆိုရင် ကျွန်မတို့ကမိသားစုတွေဖြစ်လာပြီဆိုတော့ ကျွန်မဘယ်သူလဲဆိုတာကို သူကိုယ်တိုင် ထည့်သွင်းပေးစေချင်လို့ပါ " ဆိုပြီးပြောခဲ့ပါတယ်။ Nick အသက်ဟာ ၂၆နှစ်ဖြစ်ပြီး Chopra ဟာဆိုရင်တော့ ၃၆နှစ်ဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။