ပရိတ်သတ်ကြီးရေ ဝါရင့်မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ်ကတော့ အဆိုကို လည်း ပိုင်နိုင်သလို သရုပ်ဆောင်လည်း ပီပြင်လှတာကြောင့် တစ်ခေတ်တစ်ခါမှာ မခိုင် မခိုင်ဆိုပြီး အောင်မြင်ခဲ့တဲ့ မင်းသမီးကြီးတစ်လက်ပါ။မို့မို့မြင့်အောင် စိုးမြတ်သူဇာ စိုးမြက်ကလျာတို့နဲ့ တစ်ချိန်တည်း တစ်ပြေးတည်း ကျော်ကြားခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ သီချင်းဆိုတဲ့ နေရာလည်း အသံကောင်းကောင်းနဲ့ ရင်ထဲစွဲနေအောင် ဆိုတတ်သူပါ။သူမသီဆိုခဲ့တဲ့ သီချင်းတွေဟာလည်း ဆိုတဲ့ သီချင်းတိုင်းပေါက်အောင် ပရိတ်သက်တွေက အားပေးကြမ်းခဲ့တာပါ။ 

မခိုင်က အသက်အရွယ်တစ်ခုကို ရောက်ရှိလာတာကြောင့် အသက်ကြီးပိုင်းဇာတ်ရုပ်နေရာကနေ ရိုက်ရပြန်တော့လည်း တည်ငြိမ်တဲ့ အလှတရားနဲ့ ပရိတ်သက်ရဲ့ ရင်ထဲက မထွက်သွားသေးပါဘူးနော်။အခုချိန်ထိ လှပနေဆဲ ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်က အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေဆဲပါ။သီချင်းဆိုပြိုင်ပွဲတွေမှာလည်း ဒိုင်အဖြစ်ဆောင်ရွက်ပြီး တက်သစ်စ အဆိုရှင်လေးတွေရဲ့ အားကျအတုယူစရာကောင်းတဲ့ သူတစ်ဦးပါ။

သူမက သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး သားလေးတစ်ယောက်လည်း ရှိပါတယ်။သူမက မိသားစုအတွက်လည်း ဘက်ပေါင်းစုံကနေ တော်တဲ့ အိမ်ရှင်မကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ယခုလည်း သူမက ဆန်ဖရန်စစ္စကို ရုပ်ရှင်ရိုက်ကူးရေးအတွက် ရောက်ရှိနေပြီး အလုပ်တွေကိုကြိုးစားပမ်းစားလုပ်ဆောင်နေပါတယ်။ထွန်းအိန္ဒြာဗိုလ်က ဘယ်ချိန်ကြည့်ကြည့် စတိုင်ကျလှပပြီး နုငယ်ပျိုမျစ်နေသေးတဲ့ အလှတရားတွေကို ပရိတ်သတ်ကြီးတွေ့မြင်ရမှာပါနော်။

Source:Htun Aeindra Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။