ပရိသတ်ကြီးကိုဒီတစ်ခါတင်ဆက်ပေးမှာကတော့ အချိုးအစားညီညာပြေပြစ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ photo model မိုးမြင့်သဇင်ပဲဖြစ်ပါတယ်။ သူမဟာဆိုရင် video လောက စတင်ပေါ်ကာစ အချိန်လောက်ကပင် အနုပညာလောကထဲကို ဝင်နှင့်ပြီးသားဖြစ်ပါတယ်။ နောက်ပိုင်းတော့ ခေတ္တ ရပ်နားလိုက်ပြီး အနုပညာလမ်းကြောင်းမှာ ပုံစံတစ်မျိုးနဲ့လျှောက်လမ်းခဲ့ရာ ယခုဆိုရင် ပုရိသယောကျာ်းလေးတို့ရဲ့ ပါးစပ်ဖျားက မချရလောက်အောင်ပင် ရေပန်းစား အောင်မြင်ကျော်ကြားလာခဲ့ပြီပဲဖြစ်ပါတယ်နော်။


ညီမဖြစ်တဲ့ နွယ်နွယ်ထွန်းနဲ့အတူ social media လောကရဲ့ ဘုရင်မ နှစ်ဆူလို့တောင်တင်စား ခေါ်ဝေါ်လောက်ရအောင် နေရာတစ်နေရာစီပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ညီမနှစ်ယောက်ဟာဆိုရင်လည်း သင့်မြတ်တဲ့ ဆက်ဆံရေးနဲ့ အနုပညာလုပ်ငန်းတွေကို အတူကြိုးစားပြီးလုပ်ကိုင်နေတာကို ပရိသတ်တို့ကြီးအနေနဲ့ မုဒိတာပွားဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

မိုးမြင့်သဇင်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ပုရိသတွေစွဲမက်ဖွယ်အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီးMyanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Moe Myint Thazin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။