ပရိသတ်ကြီးရေ.. ဟာသ သရုပ်ဆောင် ဦးမန်းဝင်းကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ယနေ့အချိန်ထိ သူ့ရဲ့ဘဝတစ်လျှောက်လုံး အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေဖို့ ရယ်စရာလေးတွေ အမြဲတင်ဆက်ပေးခဲ့တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

လတ်တလောမှာတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရပြီး ပရိသတ်တွေနဲ့ ဝေးကွာနေပေမယ့် ဦးမန်းဝင်းတစ်ယောက်ကတော့ အနုပညာကို ချစ်မြတ်နိုးဆဲပါပဲ..။

ပရိသတ်တွေ ယနေ့တိုင် အားပေးချစ်ခင်နေကြတဲ့ ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရအတွက် ကျောက်ကပ်ကို နှစ်ရက်တစ်ကြိမ်ဆေးနေရသလို အဆုတ်အားနည်းနေပြီး လတ်တလောမှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်နေတာ တွေ့ရပါတယ်နော်..။

ပြည်သူတွေရဲ့ အားပေးမှုလက်ခုပ်သံတွေကို အားဖြည့်ရင်း ပီတိစားအားရှိရင်း ဘဝတစ်ခုလုံးကို အနုပညာအလုပ်တွေနဲ့ ရှင်သန်လာသူပီပီ ငွေကြေးချမ်းသာသူတစ်ယောက် မဟုတ်ပေမယ့် ဦးမန်းဝင်းကတော့ ကြည်နူးသာဓုခေါ်စရာ ကုသိုလ်ထူး အလှူလေးကို ပြုလုပ်ခဲ့ပါတယ်..။

မြောက်ဒဂုံ ၄၈ ရပ်ကွက်မှာ တည်ထားကိုးကွယ်ထားတဲ့ မိဘကျေးဇူးဆပ်စေတီတော်ရဲ့ အရံစေတီ မိဘကျေးဇူးသိစေတီတော် ထီးတော်တင်လှူပူဇော်ပွဲလေးမှာ ဦးမန်းဝင်းဟာ သောကြာနေ့နံထောင့်မှာ အလှူရှင်မိသားစုနဲ့အတူ ထီးတော်တင်အလှူလေးမှာ ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။

(၇)ရက်သားသမီးများအား အမှူးထားပြီး ဘဝမှတ်တိုင်တစ်ခုအဖြစ် လှူခွင့်ရခဲ့တဲ့ ကုသိုလ်အလှူလေးကိုလည်း အားလုံးသောပရိသတ်ကြီးများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြစေဖို့အတွက် ဦးမန်းဝင်းက ထီးတော်တင်အလှူအမှတ်တရပုံရိပ်လေးတွေနဲ့အတူ ကုသိုလ်အမျှလေးတွေလည်း ပေးဝေထားပါသေးတယ်နော်..။

Photo - ဦးမန်းဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။