ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဆုအိမ့်စံကိုသိကြမယ်ထင်ပါတယ်နော်။ သဘောကောင်းသူတစ်ယောက်ဖြစ်ပြီး ရိုးသားပွင့်လင်းတဲ့အတွက်ကြောင့် တနိုင်ငံလုံးက ပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသား သူရိယနဲ့ သာယာတဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို အတူလက်တွဲလုပ်ကိုင်နေတာဖြစ်ပြီး နှစ်ယောက်စလုံးရဲ့အောင်မြင်မှုတွေဟာဆိုရင်လည်းလျော့မကျသွားပဲ တိုးသထက်တိုးလာတာဖြစ်ပါတယ်။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ကူးနေတာဖြစ်ပြီး အခမ်းအနားပွဲလမ်းသဘင်တွေ ဖျော်ဖြေပွဲတွေကိုလည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေလည်းများစွာ ရိုက်ကူးခဲ့ပြီး သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်မှုတွေကို လည်းပရိသတ်ကြီးတို့အနေနဲ့ မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ Tik tok ဗီဒီယိုလေးတွေကြည့်ရှုခံစားရအောင်လည်း ပြုလုပ်ဖန်တီးခဲ့တာကိုမြင်တွေ့ရမှာပါ။

ဆုအိမ့်စံ ဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ official facebook acc တွင် "Gravity အပြင်ဘက်ခုန်ထွက်" ဆိုတဲ့ status လေးနဲ့အတူ tik tok ဗီဒီယိုဖိုင်လေးထုတ်ဖော်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Hsu Eaint San 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။