အာဇာနည်ဟာ ဂီတလောကမှာ အသံပါဝါအားကောင်းကောင်းနဲ့ ဆယ်စုနှစ်တိုင်အောင် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို ရရှိထားသူတစ်ယောက်ပါ။ ပရိသတ်တွေဟာလည်း သူ့ရဲ့သီချင်းသစ်များကို စောင့်မျှော်နေကြတာပါ။ 

သူဟာချစ်ဇနီးလေး ဝမ်းနဲ့လည်း ၁၅ နှစ်တိုင်အောင် ပျော်ရွှင်သာယာသော အိမ်ထောင်ရေးလေးကို တည်ဆောက်ထားသူပါ။ သူ့ရဲ့သားလေးတွေဖြစ်ကြတဲ့ ဖစ်ဖစ်နဲ့ချစ်ချစ်ဟာလည်း ပရိသတ်တွေအပြင် အနုပညာရှင်များပါ ချစ်မဝဖြစ်နေကြတာပါ။ မိသားစုပုံရိပ်လေးတွေတိုင်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေချစ်ပြီးအားကျနေရတာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်ကြတဲ့ ဖစ်ဖစ်နဲ့ချစ်ချစ်တို့ ညီအစ်ကိုနှစ်ယောက်ဟာခုမှာလည်းချစ်စရာပုံလေးတွေနဲ့ပရိသတ်တွေအချစ်တိုးအောင်လုပ်လိုက်တာပါ။ သူတို့နှစ်ယောက်ရဲ့ ကစားကွင်းမှာပျော်ရွှင်စွာဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပါ။ ပရိသတ်တွေအတွက် ပုံရိပ်လေးတွေကိုတင်ဆက်လိုက်ပါတယ်နော်။

Photo - Zarni Myo Nyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။