ချစ်ပရိတ်သတ်ကြီးရေ... မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာကိုယ့်ခြေထောက်ပေါ်ကိုကိုယ်ရပ်ပြီး သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ အိမ့်ထရက်သျှာဆိုတာ ပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါနော်။ အခုနောက်ပိုင်းမှာတော့ သူမဟာ သရုပ်ဆောင်လောကထဲကို အခြေချလာနေတာကိုလည်းတွေ့ရပါတယ်နော်။

သူမဟာ လူကောင်သေးသေးလေးဆိုပေမယ့် ပုရိသတွေ တဖြုတ်ဖြုတ်နဲ့ကြွေဆင်းသွားရလောက်တဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်နော်။ဒါ့အပြင် ပရိတ်သတ်တွေရင်ကိုဆွဲကိုင်လှုပ်နိုင်တဲ့သံစဉ်လေးတွေကို သီဆိုတတ်တဲ့အသံချိုချိုလေးတွေကိုလည်းပိုင်ဆိုင်ထားသူလေးပါနော်။

ဒီလိုချစ်ဖို့ကောင်းတဲ့ မော်ဒယ်မလေး အိမ့်ဟာ ကျန်းမာရေးလိုက်စားတတ်သူလေးတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ အားလပ်ချိန်လေးတွေမှာ Gymလေးတွေဆော့လေ့ရှိပြီး လတိုင်းမဟုတ်ရင်တောင် Medical Check upလေးကိုတော့ အချိန်ပေးပြီး သွားသွားနေတာတော့ လုပ်ဖြစ်ပါတယ်နော်။ အခုတစ်ခါမှာလည်း Medical Checkကို သူငယ်ချင်းဖြစ်သူလေးနဲ့အတူ သွားလုပ်နေခဲ့ပါတယ်နော်။ ကျန်းမာရေးကို အထူးဂရုစိုက်တတ်တာကြောင့် အမြဲလိုလို ချစ်ဖို့ကောင်းပြီး လှလှလေးနဲ့အချစ်ခံလူတန်းစား လေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။ကဲ... အိမ့်လေးကလည်း သူမလိုမျိုး သူမရဲ့ချစ်ပရိတ်သတ်တွေလည်း ကျန်းမာရေး ဂရုစိုက်တတ်စေဖို့အတွက် Medical Check လေးတွေလုပ်သင့်ကြောင်း ပြောပြထားခဲ့တာကိုလည်း တွေ့ရပါတယ် ချစ်ပရိတ်သတ်ကြီးရေ.... 

Source: Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။