ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေကတော့ ပရိတ်သတ်တွေအတွက် အမြဲတမ်း အသစ်အသစ်တွေကို ဖန်တီးနေပြီး ပိုမိုကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ထွက်ရှိလာအောင် အစဉ်အမြဲကြိုးစားနေကြတာပဲဖြစ်ပါတယ်။အနုပညာညီအစ်ကိုမောင်နှမတွေအကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီကြရင်း စည်းစည်းလုံးလုံးရှိလို့ အနုပညာအသိုင်းအဝိုင်းက အရမ်းချစ်စရာကောင်းပါတယ်နော်။

မတ်လ ၂၃ ရက်နေ့မှာဆိုရင်လည်း တစ်နှစ်တာလုံးကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ချီးကျူးဂုဏ်ပြုတဲ့ အကယ်ဒမီပွဲအခမ်းအနားလေးကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာဖြစ်ပါတယ်။နှစ်တိုင်းလည်း ပရိတ်သတ်တွေက သူတို့ချစ်တဲ့ အနုပညာရှင်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားပျော်ရွှင်ကြသလို ဆုတွေလည်း တောင်းကြပါတယ်နော်။ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပွဲလေးတစ်ပွဲမှာ ပြည်သူချစ်အနုပညာရှင်တွေအကုန်လုံးကို တစ်စုတစ်စည်းတည်း တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲအပြင် ပရိတ်သတ်တွေကြားမှာ လက်တလော ရေပန်းစားနေတဲ့ Star awards ပေးပွဲကြီးကိုလည်း ယခုနှစ်မှာ ထည့်ပေးတာဖြစ်ပါတယ်။သို့ပေမယ့် Star awards ဆုကို ပရိတ်သတ်တွေကို သူတို့ချစ်တဲ့ အနုပညာရှင်တွေကို အကြိတ်အနယ်ပေးနေကြပေမယ့် အနုပညာရှင်တွေဖြစ်တဲ့ နေတိုး သက်မွန်မြင့် ဇာဏ်ခီ ခရစ္စတီးနားခီ လွှမ်းပိုင် ပိုင်ဖြိုးသု အိန္ဒြာကျော်ဇင် ပြေတီဦး အလင်းရောင် ကျော်ထက်အောင် ထွန်းထွန်း စတဲ့ အနုပညာရှင်တွေက သူတို့ကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် စဉ်းစားပြီး ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ပါတယ်နော်။

Source:Celebrity Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။