ပရိတ်သတ်ကြီးရေ ဇာတ်ကားပေါင်းများစွာကို ကာရိုက်တာမျိုးစုံနဲ့ ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နေတဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေကိုလည်း လေးစားချစ်ခင်ပြီး အရာရာကို ပရိတ်သတ်အတွက် စဉ်းစားပေးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ဇေရဲထက်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေပါတယ်။ဇေရဲထက်က Star Awards ပြိုင်ပွဲနဲ့ပတ်သက်ပြီး အောက်ပါအတိုင်းပြောပြထားပါတယ်နော်။

"ကျနော့်အနေနဲ့ star awards နဲ့ပတ်သက်ပြီးရွေးချယ်မခံရတဲ့အတွက် စိတ်မကောင်းမဖြစ်ပါဘူး ကျနော့်မှာ star awards နဲ့ပတ်သက်တဲ့ကိုက်ညီတဲ့အရည်အချင်းမရှိလို့ပါပဲ လို့ ကျနော့်ကိုချစ်တဲ့ကျနော်ချစ်တဲ့ အမျိုးတွေပြောချင်ပါတယ် ဆုပေးပွဲ နဲ့ပတ်သက်ပြီးပွဲမတတ်ဘူးလားလာမေးနေတဲ့အမျိုးတွေကို star awardsပွဲက အနုပညာကိုချစ်တဲ့ အနုပညာအရည်အသွေးမြင့်မားအာင် မျိုးဆက်သစ်လူငယ်တွေကို ပေါ်ထွန်းအောင်လုပ်ပေးတဲ့ပွဲ ဖြစ်နေတယ်လို့သတ်မှတ်ပြီး star awardsပွဲကိုတတ်ရောက်မှာပါ"

"ကျနော့်fanလေးတွေ စိတ်မကောင်းမဖြစ်ပါနဲ့လို့ ကျနော့်ကအရည်အသွေးမပြည့်ဝသလို ဝမ်းစာမပြည့်ဝတဲ့သရုပ်ဆောင်ဖြစ်နေတဲ့အတွက် ကြိုးစားခွင့် ပြုပါ လုပ်ပိုင်ခွင့်တွေ ရရှိပါစေလို့ ဆုတောင်းရုံကလွဲပြီး တခြားဘာခံစားချက်မှမရှိပါဘူးအရည်အချင်းပြည့်ဝပြီး တကယ့်ထိုက်တန်တဲ့ လူတွေကို သရုပ်ဆောင်တွေအတွက် တကယ့်ကိုတန်ဖိုးဖြတ်မရတဲ့ဆုတွေကို ပေးအပ်နိုင်ပါစေ လာကကောင်းကျိုးအတွက်ရှေးရှု့လျက်" ဆိုပြီး သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် အားပေးစကားလေးဆိုထားပါတယ်နော်။

Saurce:Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။