မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့အီတလီစီးရီးအေပွဲစဉ်တစ်ခုဖြစ်တဲ့ဂျီနိုအာအသင်းနဲ့ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ဂျီနိုအာအသင်းက(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ခုရှုံးပွဲကြောင့်ဂျူဗင်တပ်အသင်းဟာအီတလီစီးရီးအေမှာပထမဆုံးရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဂျုဗင်တပ်အသင်းဟာဒီနေ့ပွဲမှာသူတို့ရဲ့အဓိကကစားသမားရော်နယ်ဒိုကိုထည့်သွင်းကစားခဲ့ခြင်းမရှိပါဘူး။

ရော်နယ်ဒိုကတော့ဒီနှစ်ရာသီမှာရီးရဲမက်ဒရစ်အသင်းကနေပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ပြောင်းရွေ့ချိန်မှာတော့ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပြီးခုမှာတော့အသင်းအတွက်အရေးပါတဲ့သွင်းဂိုးတွေနဲ့နိုင်ပွဲတွေယူဆောင်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ချန်ပီယံလိဒ်၁၆သင်းရှုံးထွက်တုန်းကလည်းရော်နယ်ဒိုကသူ့ရဲ့ဟက်ထရစ်သွင်းဂိုးတွေနဲ့ကွာတားဖိုင်နယ်ကိုပို့ဆောင်ပေးနိုင်သူပါ။

ရော်နယ်ဒိုကတော့မနေ့ကမပါဝင်နိုင်တာကြောင့်ပရိသတ်တွေကြားမှာဝေဖန်မှုတွေရှိနေပါတယ်။ဂျူဗင်တပ်အသင်းပရိသတ်တွေကသူတို့ရဲ့ကြယ်ပွင့်ရော်နယ်ဒိုကိုအားထားနေကြတာပါ။ရော်နယ်ဒိုသာမပါဝင်နိုင်ခဲ့ရင်ဂျူဗင်အသင်းရလဒ်ဆိုးတွေကြုံတွေ့နိုင်မလားဆိုလည်းဝေဖန်မှုတွေကရှိတာဖြစ်ပါတယ်။ရော်နယ်ဒိုဂျူဗင်တပ်အသင်းအတွက်ဘယ်လောက်စွမ်းဆောင်ပေးနိုင်ဦးမလဲဆိုတာဆက်လက်ပြီးအားပေးကြပါဦးနော်။

PHOTO:Juventus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။