Jennifer Lopez နဲ့ Alex Rodriguez တို့ဟာ သိပ်မကြာသေးခင်က စေ့စပ်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာဆိုရင်လဲ ၂နှစ်ကျော်ရှိပြီဖြစ်ကာ ခုချိန်မှာတော့ စေ့စပ်လိုက်ပါပြီး။ သူတို့နှစ်ယောက်ရဲ့စေ့စပ်မှုကို အနုပညာရှင်တွေက ချီးကျူးဂုဏ်ပြုခဲ့ကာ တချို့သူတွေကြတော့ Alex က Jennifer ကို လှည့်စားနေတယ်လို့ ဝေဖန်နေကြပါတယ်။ ခုချိန်မှာ Alex က Jennifer ကိုလှည့်စားတယ်ဆိုတဲ့ သတင်းဟာ ထွက်သတက်ထွက်လာပါတယ်။  

အတွင်းသတင်းသမားတွေက သူသာ Jennifer ကိုလှည့်စားမယ်ဆိုရင် Jennifer ကသူ့ကို ဒီတိုင်းလက်ပိုင်းကြည့်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ သတင်းသမားအချို့ကတော့ တစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်လေးစားကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်ကြတယ်လို့ပြောကြားခဲ့ပါတယ်။ အဲ့သတင်းတွေကိုပြောတဲ့သူကတော့ Alex ရဲ့ရင်နှီတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က သတင်းသမားတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။  

သူက " ဒီအမျိုးသမီးက အမေရိကန်ရဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်လိုပဲ....ဘာတွေပဲဖြစ်ဖြစ် မင်းသူကို ဆိုးဆိုးရွားရွားကြီး လှည့်စားလို့မရဘူး...အကြောင်းကိစ္စတစ်ခုခုကြောင့် လမ်းခွဲခဲ့ရင်တောင် သူကမင်းကိုလက်ပိုက်ကြည့်နေမှာမဟုတ်ဘူး " လို့သတင်းသမားတွေကို Alex နဲ့ပြောနေတဲ့ပုံစံအတိုင်းပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးသူက " Jennifer နဲ့ချစ်သူဖြစ်ရတာ အရမ်းကိုဖိအားများပါတယ်...ဒါပေမဲ့လဲ သူတို့တွေချစ်ကြတာပါပဲ " လို့ပြောခဲ့ပါတယ်။ တချို့သူတွေကတော့ Jennifer ကိုလှည့်စားတာတွေရပ်တော့ဆိုပြီ ပြောနေခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။