မင်းသမီးချောလေး မိုးဟေကိုကတော့ လတ်တလော ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးရေပန်းစားနေတဲ့ အလှဘုရင်မတစ်ဦး ဖြစ်ပါတယ်။ ဝင်းမွတ်တောက်ပြောင်တဲ့ အသားအရေနဲ့ မြင်သူတိုင်းကို ဖမ်းစားနိုင်တဲ့ ညို့အားပြင်းပြင်း မျက်ဝန်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ မိုးက ယနေ့တိုင်အောင် နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ဆွဲဆောင်မှုတွေပိုလာတဲ့ မိုးရဲ့အလှမှာတော့ ပုရိသတွေ အခါခါ ကျရှုံးခဲ့ရပြန်ပါတယ်။

လတ်တလောမှာတော့ မိုးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေပြီး ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း တည်ထောင်ထားပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးအဖြစ်ရော တည်ငြိမ်ရင့်ကျက်တဲ့ အလှပိုင်ရှင် မင်းသမီးတစ်ဦးအဖြစ်ပါ အောင်မြင်မှုတွေရနေတဲ့ မိုးက တကယ့်ကို စံထားရလောက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ မိုးက " Launching of Tiara Diamonds by Sein Nan Daw " ပွဲလေးကို ကျက်သရေရှိတဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။

ကာလာတွေမပါတဲ့ အဖြူစွတ်စွတ် ပွဲတက်ဝတ်စုံလေးနဲ့ တက်ရောက်လာတဲ့ မိုးက ခမ်းနားကြီးကျယ်တဲ့ ကျောက်မြတ်ရတနာတွေကို ခန္ဓာကိုယ်ထက်မှာ အလှဆင်ခဲ့ပါတယ်။ ရတနာတွေရဲ့ တလက်လက်တောက်ပနေတဲ့အလှနဲ့ မိုးရဲ့ပင်ကိုယ်အလှတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြင်သူတိုင်း အံ့အားသင့်ရအောင် လှပနေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မိုးဟေကိုရဲ့ ရှုမငြီးတဲ့အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Moe Hay Ko;

Photo- Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။