ရုပ်ရှင်မင်းသား မြင့်မြတ်နဲ့ ရုပ်ချင်းဆင်တယ်လို့ လူသိများနေတဲ့ မော်ဒယ် သရုပ်ဆောင် ရှင်မွေလဟာဆိုရင် လတ်တလောအနုပညာလှုပ်ရှားမှုတွေ အနေနဲ့ကတော့ MTV သီချင်းများနှင့် video များကိုရိုက်ကူးနေပြီဖြစ်ပါတယ်။ ဂျာနယ်တွေ မဂ္ဂဇင်းတွေအတွက်လည်း ဓာတ်ပုံများ ရိုက်ကူးနေတယ်လို့သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားများကတော့ MRTV-4 ဇာတ်လမ်းတွဲများ တွင် ပါဝင် ရိုက်ကူးထားလျက် ရှိပြီး အခုပရိသတ်အများအပြားရဲ့ အားပေးမှုရရှိထားတဲ့ "ပျားရည်အိုင်" ဇာတ်ကားမှာဆိုရင်လည်း သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ရှင်မွေလရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကို Myanmarload tv က အင်တာဗျူးမေးမြန်းထားတာဖြစ်ပါတယ်....။

သူရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ "နှင်းဆီ" ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်တယ်လို့ဆိုထားပါတယ်...။ ၁၀ တန်းကျောင်းသားနေရာကနေသရုပ်ဆောင်ထားတာဖြစ်ပြီး စည်းကမ်းတင်းကြပ်တဲ့ မိထွေးရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဇာတ်ရုပ်ကနေပါဝင် သရုပ်ဆောင်ရိုက်ကူးထားတာယ်လို့ ဆိုခဲ့ပါတယ်...။ မိဘမေတ္တာငတ်နေတဲ့သူအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တို့အနေနဲ့ စောင့်မျှော်အားပေးကြရမှာဖြစ်ပါတယ်...။

ရှင်မွေလဟာ သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ တူတဲ့အပေါ် ဝေဖန်တိုက်ခိုက်မှုတွေရှိတယ်လို့လည်း ပွင့်လင်းရိုးသားစွာ ဖွင့်ဟပြောဆိုထားတာဖြစ်ပြီး အကြောင်းအရာစုံလင်ကို Myanmarload tv ရဲ့အင်တာဗျူးမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်...။ ရှင်မွေဟဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူဖြေကြားထားတဲ့ interview လေးကို official facebook acc တွင် "စကားပြောတာလေးအမှားပါသွားရင်ခွင့်လွတ်နော်" ဆိုတဲ့ status လေးနဲ့ ပြန်လည်မျှဝေထားတာဖြစ်ပါတယ်...။ ရှင်မွေလရဲ့ ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆက်လက်အားပေးသွားကြပါဦးနော်...။

Source Shin Mwe La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။