ပရိသတ်ကြီးရေ.. ရင်သွေးလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးဝန်းရံမှုတွေကို ယနေ့အချိန်ထိ အခိုင်အမာရရှိထားသူလေးကတော့ သရုပ်ဆောင်မင်းသမီးချော မိုးယုစံပါပဲနော်..။

မိုးယုကတော့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူလေးဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ရင်သွေးလေးတွေထဲမှာ မင်းသမီးမိုးယုစံရဲ့သားချောလေး ကောင်းသိင်္ခမိုးသူကလည်း အပါအဝင်ပါပဲ..။

မိုးယုကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေအပြင် မိသားစုနဲ့ သားလေးရဲ့ ပုံရိပ်လေးတွေကိုလည်း အားပေးချစ်ခင်နေကြတဲ့ ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ထပ်မံမျှဝေထားပါသေးတယ်..။

ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် အသက်(၁)နှစ်ခွဲ အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ မိုးယုရဲ့ ချစ်စရာသားလေးကတော့ ဒီနေ့လေးမှာတော့ ကာတွန်းကား ကြည့်ချင်လို့ မေမေပြောသမျှကို Yes Yes Yes နဲ့ ချစ်စရာကောင်းအောင် ပြန်ဖြေတတ်နေပါပြီနော်..။

Austin လို့ အားလုံးက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မိုးယုရဲ့သားလေး ကောင်းသိင်္ခမိုးသူလေးရဲ့ လည်လွန်းတတ်လွန်းတဲ့ ချစ်စရာဟန်ပန်လေးတွေနဲ့အတူ မေမေပြောသမျှကို လိမ္မာစွာ ပြန်ဖြေနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ကောင်းသိင်္ခမိုးသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။