ချစ်ပရိတ်သတ်ကြီးရေ... အမိုက်စား သီချင်လေးတွေကို ဆွဲဆောင်မှုရှိတဲ့ အသံလေးနဲ့ တေးသီချင်းလေးတွေကို ပရိတ်သတ်တွေရင်ထဲ တခုခုခံစားရအောင်သီဆိုနိုင်တဲ့ အဆိုတော်မလေး နီနီခင်ဇော်ဟာဆိုတာ ပရိတ်သတ်ကြီး ရဲ့အသည်းကျော်လေးပါနော်။ သူမရဲ့ ထွက်ရှိခဲ့သမျှ တေးAlbum တွေအားလုံးဟာလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ယခုအချိန်မှာဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာကို အချိန်တိုတိုနဲ့ ပိုင်ဆိုင်ခဲ့ရပါပြီနော်။

အရည်အချင်းလည်း အရမ်းရှိတဲ့ အဆိုတော်မလေးတစ်ယောက်လည်းဖြစ်ပြီးတော့ ကြိုးစားမှုတွေကြောင့် အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလေးပါပဲနော်။ ဒါ့အပြင် ပုရိသပရိတ်သတ်တွေကို တစ်ဖြုတ်ဖြုတ်ကြွေစေနိုင်လောက်တဲ့ ခိုင်မာတဲ့ အသံပါဝါကောင်းကောင်းလေးနဲ့ အမိုက်စား အကိတ်တလိုင်းခန္ဓာကိုယ်လေးရဲ့ ပိုင်ရှင်လေးလည်းဖြစ်ပါတယ်နော်။

အခုတစ်ခါမှာလည်း အမိုက်စား ပေါ့ပေါ့ပါးပါးဖက်ရှင်ပုံစံလေးနဲ့ ပရိတ်သတ်တွေိကု ဖမ်းစားလိုက်ပြန်ပါပြီနော်။ ညောင်ဦးဖီးကျွန်းဘက်မှာ သူမရဲ့ သီချင်းအသစ် Music Videoကို သွားရောက်ရိုက်ကူးရင်းနဲ့ သဘာ၀ အလှအပတွေကြားမှာ အမှတ်တရ အမိုက်စားပုံရိပ်လေးတွေကိုလည်းများစွာရိုက်ကူးခဲ့ပါတယ်နော်။ "ကော့သောင်းကနေ ၁ နာရီ ၂၀ မိနစ်လောက် လှေစီးပြီးသွားရတာပေါ့ သိပ်လှတာပဲ ရေပေါ်ရေအောက် လှပတဲ့ မြန်မာ့အလှအပတွေကိုကြည့်ရင်း ရင်သက်ရှုမော ပီတိဖြစ်မိတယ် ရေအောက်မှာ နီမို ငါးလေးတွေလည်းတွေ့ခဲ့တယ် "ဆိုပြီးတော့လည်း ခရီးသွား အတွေ့အကြုံလေးတွေကို လည်းပြန်လည်မျှဝေထားခဲ့ပါသေးတယ်။ကဲ... သူမရဲ့ ခရီးသွားအမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Ni Ni Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။