ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူးရော်နယ်ဒိုကတော့ကမ္ဘာဘောလုံးချစ်ပရိသတ်တွေအများအပြားနဲ့အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုအကြိမ်ကြိမ်ရယူနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အသက်ရွယ်ရလာပေမယ့်ယနေ့တိုင်အကောင်းမွန်ဆုံးခြေစွမ်းတွေနဲ့ပရိသတ်တွေအားပေးမှုကိုရထားတာဖြစ်ပါတယ်။

သူကတော့ဘောလုံးလောကအပြင်နာမည်ကြီးအမှတ်တံဆိပ်တွေကိုကြော်ငြာပေးနေရတာဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကြောင့်လည်းသူပိုင်ဆိုင်မှုတွေကအများအပြားပဲဖြစ်ပါတယ်။ကမ္ဘာဝင်ငွေအကောင်းဆုံးကစားသမားတွေထဲမှာလည်းထိပ်ပိုင်းကပါဝင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကလည်းအများအပြားပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်လည်းကိုယ်ပိုင်ကားတွေကိုယ်ပိုင်ဂျက်လေယာဉ်တွေကိုပါပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူ့ရဲ့ကားတွေကလည်းကမ္ဘာမှာလက်ချိုးရေလို့ရလောက်တဲ့ကားတွေပဲဖြစ်ပါတယ်။အမိုက်စားကားတွေကိုစုဆောင်းပြီးစီးလေ့ရှိတဲ့ရော်နယ်ဒိုကတော့ခုမှာလည်းကမ္ဘာကျော်Rolls Royceကားသစ်ကြီးကိုချပြလိုက်တာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းသူရဲ့နာမည်ကျော်ကားတွေထဲကတစ်စီးဖြစ်တဲ့Rolls Royceကားကြီးနဲ့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။