ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမယ့်အကြောင်းအရလေးကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းတွေထဲမှာမှ အကြမ်းဆုံးလူဆိုးဂိုဏ်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဂိုဏ်းတစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီဂိုဏ်းဟာ အယ်လ်ဆာဗေဒိုးနိုင်ငံကို အခြေပြုပြီး တည်ထောင်ခဲ့တဲ့ ဂိုဏ်းဖြစ်ပြီး လက်ရဲ ဇက်ရဲ ရှိလှတဲ့ လူတွေနဲ့ချည်းသာ ဖွဲ့စည်းထားတဲ့ ဂိုဏ်းလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ကမ္ဘာ့အရက်စက်ဆုံး လူဆိုးဂိုဏ်းတစ်ခုဟာ အယ်လ်ဆာဗေဒိုးနိုင်ငံ တွင်ရှိနေပီး သူတို့ရဲ့ သြဇာဟာ အယ်လ်ဆာဗေဒိုး အစိုးရအဖွဲ့ထိ ရောက်ရှိနေကာ လူဆိုးဂိုဏ်းက အစိုးရ လုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် အလွန်ကြောက်ဖွယ်အနေအထားဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကလည်း ဒီလိုလူဆိုးဂိုဏ်းတွေနဲ့ တတ်နိုင်သမျှ မပတ်သက်မိအောင် ရှောင်နေရပါတယ်။

ဒီလူဆိုးဂိုဏ်းကို လော့စ်အိန်ဂျယ်လ်လိစ်မြို့တွင် အယ်လ်ဆာဗေဒိုး နိုင်ငံ မှ ဝင်ရောက်လာသူများဖြင့် ဖွဲ့စည်းခဲ့ရာ သစ္စာခံ အဖွဲ့ဝင် ၇၀၀၀၀ အထိရှိခဲ့ပါတယ်။

ဒီအထဲမှာမှ ဂိုဏ်းဝင် ၁၀၀၀၀ ခန့်ဟာ အမေရိကန်နိုင်ငံတွင် လှုပ်ရှားနေကြ ပြီး ဒီဂိုဏ်းရဲ့ ထင်ရှားတဲ့ နာမည်ကတော့ MS 13 လို့လည်း ခေါ်ကြပါတယ်။ အဆိုပါ ဂိုဏ်းဟာ အရာရာကို အလေးအနက်ထားကာ လုပ်ဆောင် လေ့ ရှိပုံကို သူတို့ လေ့ကျင့်သင်ကြားထားတဲ့ စစ်သင်တန်းတွေကို ကြည့်တာနဲ့ သိသာပါတယ်။ ဂိုဏ်းအများစုကတော့ တောခုတ်ဓားများနှင့် လက်ပစ်ဗုံးများကိုသုံးကာ တိုက်ခိုက်လေ့ရှိတာကြောင့် အာ့ဒီနိုင်ငံက ပြည်သူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကပါ သူတို့နဲ့ မတိုးမိအောင် အထူးသတိထားပြီး သွားနေကြရပါတယ်။

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။