ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ အားပေးမှုတွေအခိုင်အမာနဲ့ အောင်မြင်နေကြတဲ့ အနုပညာရှင်မောင်နှမနှစ်ယောက်ဖြစ်ကြတဲ့ သရုပ်ဆောင်ကျော်ကျော်နဲ့ စိုးပြည့်သဇင်တို့ နှစ်ယောက်ကတော့ ပရိသတ်တွေကို အမြဲပျော်ရွှင်ရယ်မောစေကြသူလေးတွေပဲ ဖြစ်ပါတယ်နော်..။

ပျော်ပျော်နေတတ်ကြတဲ့ လူငယ်အနုပညာရှင်တွေဖြစ်ကြတဲ့အတိုင်း ဆုံလိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်နေကြတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ အူတတ်နေအောင်ရယ်နေရမယ့် အခွီဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို စိတ်ပျော်ရွှင်အောင် လုပ်လိုက်ကြပြန်ပါတယ်နော်..။

ပရိသတ်တွေရဲ့အသည်းကျော်ဖြစ်တဲ့ စိုးပြည့်လေးနဲ့ ကျော်ကျော်တို့နှစ်ယောက်ကတော့ လတ်တလောမှာ “လူးလူးစိန်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေကြတာဖြစ်ပြီး ရူတင်မှာ ရိုက်ကူးရေးနားချိန် Live လွှင့်ရင်း အချင်းချင်း မျက်နှာပြောင်ရင်း စနောက်နေကြတာ တွေ့ရပါတယ်နော်..။

တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အုပ်စုလိုက် စနောက်နေကြတဲ့ သူတို့တွေရဲ့ ဗီဒီယိုဖိုင်လေးထဲမှာတော့ ကျော်ကျော်တစ်ယောက် စိုးပြည့်လေးကို လိုက်နောက်ရင်း မိန်းမလျာပုံစံလေးနဲ့ နွဲ့နွဲ့ပြီး စကားပြောနေတဲ့ ပုံလေးတွေကလည်း ပရိသတ်တွေကို အူတတ်စေပါတယ်နော်..။

အနုပညာလောကမှာ လူချစ်လူခင်ပေါများလွန်းတဲ့ စိုးပြည့်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့အပြင် အခြားအနုပညာရှင်တွေလည်း ပါတာမို့ သူတို့ရဲ့ Live ဗီဒီယိုလေးကတော့ စိုစိုပြည်ပြည်လေးနဲ့ လူစုံတတ်စုံပျော်စရာကောင်းသလို ကြည့်မိသူပရိသတ်တွေတိုင်းကို ရယ်မောပျော်ရွှင်စေမှာ အမှန်ပါပဲနော်..။

ချစ်ရတဲ့ Admin တို့ရဲ့ Myanmarload မှ ချစ်ပရိသတ်တွေအတွက်လည်း စိုးပြည့်နဲ့ ကျော်ကျော်တို့ရဲ့ ရယ်စရာ အခွီ live ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ရယ်မောပျော်ရွှင်မှုလေးတွေနဲ့ စိတ်အပန်းဖြေနိုင်ကြပါစေနော်..။

Photo - စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။