ဒီဖြစ်ရပ်လေးကတော့ တကယ့်ကိုပဲ ရယ်ရခက်ငိုရခက် ဖြစ်စေနိုင်တဲ့ဖြစ်ရပ်လေးတခုဖြစ်သလို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီး လိုရီမိုရင်ရဲ့ အတူနေချစ်သူအမျိုးသားဟာ ညဘက်အိပ်ရင် အသံအကျယ်ကြီးနဲ့ ဟောက်တတ်သူတဦးပဲဖြစ်ပါတယ်။

ဒီလိုနဲ့နောက်ပိုင်းမှာတော့ ၎င်းအမျိုးသမီးဟာ ဒီဟောက်သံကြီးကို မခံနိုင်တာကြောင့် ချစ်သူအမျိုးသားနဲ့ ခနခနစကားများခဲ့ရာကနေ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးက တင်းမာလာခဲ့ပါတယ်။

ဒီလိုနဲ့နေလာရင်း မတ်လ ၆ ရက်နေ့အရောက်မှာတေ့ာ ၎င်းအမျိုးသမီးဟာ ချစ်သူအမျိုးသားရဲ့ဟောက်သံကို မခံနိုင်တဲ့အဆုံး အိပ်ပျော်နေချိန်မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါတော့တယ်။

သို့ပေမယ့် သေနတ်နဲ့ပစ်ခတ်ခဲ့တာက ဂျိုင်းကြားနေရာဖြစ်တာကြောင့် ၎င်းအမျိုးသားဟာ အသက်မသေဆုံးခဲ့ပေမယ့် သွေးအိုင်ထဲမှာတော့ လဲနေခဲ့ပါတယ်။

ဒါ့အပြင် ၎င်းအမျိုးသားဟာ သေကံမပါသေးဘူးလို့ဆိုရလောက်အောင်ပင် အိမ်နီးနားချင်းတွေရဲ့အကူအညီကြောင့် ရဟတ်ယာဉ်နဲ့ဆေးရုံသို့ပို့ဆောင် ဆေးကုသခွင့်ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းအမျိုးသားဟာ အသက်အန္တရယ်ကနေ ကင်းလွတ်ခဲ့ရရှိခဲ့ပီဖြစ်ပေမယ့် သေနတ်ခဲ့ပစ်သတ်ခဲ့သူ အမျိုးသမီးကတော့ ဖမ်ဆီးအရေးယူးခြင်းကို ခံထားရပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်ဟာ အိမ်နီးနားချင်းတွေကိုလည်း အံ့သားသင့်စေခဲ့ပြီး ဟောက်သံကြောင့် ကိုယ့်ချစ်သူကို သေနတ်နဲ့ပစ်သတ်တာဟာ ရူးနှမ်းတဲ့လုပ်ရပ်တခုဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ပရိသတ်တွေရဲ့ ဘော်ဒါမိတ်ဆွေ ၊ မိသားစုတွေထဲမှာလည်း အရမ်းဟောက်တတ်သူတွေရှိရင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရလေအောင် သတိပေးစကားလေးတွေပြောကြား ပေးကြဦးနော်။ 

SOURCE - DAILY MAIL 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။