ပြီးခဲ့တဲ့ရက်ပိုင်း မှာတော့ လူမှုကွန်ယက်သုံးစွဲသူလူအများကြားမှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ သတင်းလေးတစ်ပုဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဂျာမနီနိုင်ငံသား အာနီမာကီရဲ့ သတင်းလေးတစ်ပုဒ်ဟာ လူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့တာတွေ့ရပါတယ်။

ဒီသတင်းလေးကတော့ ၎င်းဂျာမနီနိုင်ငံသား အာနီမာကီဟာ ကတိုလာဂါ ပင်လယ်အော်ရဲ့ ကမ်းလွန် ၂၈ မိုင်အကွာမှာ ရွက်လှေတစင်းပေါ်ကနေ ပင်လယ်ထဲ ပြုတ်ကျခဲ့ပေမယ့် အသက်မသေဆုံးခဲ့တဲ့ သတင်းလေးပဲဖြစ်ပါတယ်။

အသက်မသေဆုံးခဲ့ရတဲ့ အကြောင်းရင်းကတော့ ၎င်းအမျိုးသားဟာ သူဝတ်ဆင်လာတဲ့ ဂျင်းဘောင်းဘီကို အသက်ကယ်ဝတ်စုံအဖြစ် အသုံးချနိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

သူပြုလုပ်ခဲ့တာကတော့ ဂျင်းဘောင်းဘီ အစနှစ်ဘက်ကို သူ့ရဲ့ခြေထောက်တွေမှာချည်ကာ ဘောင်းဘီအတွင်းလေဝင်အောင်လုပ်ပြီး အသက်ကယ်ဝတ်စုံပုံစံပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းအမျိုးသားဟာ ဒီနည်းလမ်းကိုအသုံးပြုကာ ပင်လယ်ထဲမှာ သုံးနာရီခွဲလောက်ကြာအောင် မြောပါနေပြီးမှာတော့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစီးတွေ့ပြီး ကယ်တင်ခဲ့တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

အကယ်၍၎င်းအမျိုးသားဟာ ကြောက်ကြောက်နဲ့ စိတ်တွေထွေပြားပြီး ဒီနည်းစနစ်ကိုမေ့နေခဲ့မယ်ဆိုရင်တော့ သူ့ရဲ့အသက်ဟာသေဆုံးသွားနိုင်လောက်ပါတယ်။

ဒ့ါကြောင့် ပင်လယ်ထဲပြုတ်ကျချိန်မှာ ထူပူပြီးကြောက်မသွားဘဲ စိတ်အေးအေးထားပြီး အသက်ရှင်မယ့်နည်းလမ်းကို ရှာဖွေနိုင်ခဲ့တဲ့ ဒီအမျိုးသားကို လူအများက ဝိုင်းဝန်းချီးမွန်းနေကြတာတွေ့ရပါတယ်။

SOURCE - GEEK.COM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။