MRTV-4 ရုပ်သံလိုင်းမှာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ "ကျွန်မက မဟေသီ" ဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုကို အပြည့်အ၀ ရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ( ၈နာရီ ၄၀ မိနစ်) အချိန်မှာ ပြသနေတဲ့ ဒီဇာတ်လမ်းလေးကတော့ အခုဆိုရင် ဇာတ်ရှိန်အရမ်းမြင့်နေပြီလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ အောင်ရေချမ်း၊ ဝင့်ယမုံနိုင်နဲ့ သံသာမိုးသိမ့်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်သလို ဇာတ်ကွက်တိုင်းကို အသည်းတယားယားနဲ့ စောင့်ကြည့်ခံစားနေရတဲ့ ဒီဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် "ကျွန်မက မဟေသီ" ဇာတ်လမ်းတွဲလေးရဲ့ အဓိက ဇာတ်ဝင်တေးလေးကလည်း နားဆင်လို့ကောင်းပြီး ရင်ထဲထိရောက်စေနိုင်တဲ့ စာသားလေးတွေနဲ့ ဖော်ကျူးထားသလို မိန်းမသားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ခံစားစေနိုင်ပါတယ်။

ရင်တထိတ်ထိတ်နဲ့ ရှုစားနေရတဲ့ ဒီဇာတ်လမ်းတွဲလေးရဲ့ ဇာတ်ဝင်တေးသီချင်းလေးကိုလည်း ပရိသတ်တွေက ဇာတ်ကားပြသချိန်တိုင်းမှာ မလွတ်တမ်း နားဆင်နေရလောက်အောင် ကြိုက်နှစ်သက်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ဝင့်ယမုံနိုင်က သူမပါဝင်သရုပ်ဆောင်ထားတဲ "ကျွန်မက မဟေသီ" ဇာတ်လမ်းတွဲလေးရဲ့ ဇာတ်ဝင်တေးသီချင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ "ကျွန်မကမဟေသီ " ဇာတ်လမ်းတွဲလေးထဲက Theme Song ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Niyyayana Entertainment & Wint Yamone Naing;

photo & video: credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။