ပရိသတ်တွေရဲ့ အားပေးမှုတွေအပြင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောစမိုင်းလ်ကတော့ အလှူအတန်းတွေကိုလည်း အလွန်ရက်ရောတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

မကြာခဏလှူဒါန်းမှုတွေကို အံ့သြသွားလောက်အောင် ပြုလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့မိသားစုလေးကတော့ အခုတစ်ခါမှာလည်း မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ မွေးနေ့မှာ အလှူအတန်းတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

စမိုင်းလ်တို့ မိသားစုလေးကတော့ ပြီးခဲ့တဲ့ မတ်လ(၁၆)ရက်နေ့မှာ မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ သက်တော်(၅၁)နှစ်ပြည့် အတွက် ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့သက်တော် သက်စေ့အလှူငွေအဖြစ် (၅၁)သိန်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ထို့အပြင် ဧည့်ပရိသတ်အယောက်(၅၀၀)စာအတွက် နေ့လည်စာ စတုဒီသာကျွေးမွေးလှူဒါန်းခဲ့ပြီး သာဓုခေါ်စရာ အလှူလေးတွေကို မိသားစု စုံစုံညီညီနဲ့ လှူဒါန်းကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်နော်..။

အခုလိုအလှူအတန်းတွေကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ချီးကျူးသာဓုခေါ်စရာ အလှူပုံရိပ်လေးတွေကိုလည်း စမိုင်းလ်က သူမရဲ့ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

စမိုင်းလ်ရဲ့ အဲ့ဒီပို့စ်အောက်မှာလည်း ချစ်ပရိသတ်တွေကလည်း ဝမ်းသာအားရ ချီးကျူးသာဓုခေါ်စကားလေးတွေကိုလည်း Comment လေးတွေမှာ ဝေေ၀ဆာဆာနဲ့ မြင်တွေ့ရတာမို့ တကယ်ကို စိတ်ကြည်နူးပျော်ရွှင်စရာလေးပဲ ဖြစ်ပါတယ်နော်..။

Photo - စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။