ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လေကြောင်းပျံသန်းရတာကို အလွန်ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်လေယာဉ်မောင်းနိုင်တဲ့ လိုင်စင်လည်းရှိပါတယ်။ ဒါ့အပြင် သူဟာ ဟယ်လီကော်ပတာ ၁၅စင်းအပြင် အခြားသော လေယာဉ်မျိုးစုံ ၅၈ စင်းကို ကိုယ်ရေးကိုယ်တာ လည်ပတ်ဖို့အတွက် မကြာခဏ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လေယာဉ်အားလုံးထဲမှာ သူအကြိုက်ဆုံးလေယာဉ်အမျိုးအစားကတော့ IlyusinII-96 အမျိုးအစားပိုပီး နှစ်သက်ပါတယ်တဲ့ ပရိသတ်ကြီးရေ…

နောက်တစ်ချက်ကတော့ ပူတင်ဟာ ကိုယ်လုံပညာကိုလည်း တတ်ကျွမ်းထားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အသက်၁၈နှစ်အရိယ်ထဲက ဂျူဒိုပညာရဲ့ အဆင့်အမြင့်ဆုံးထဲက တစ်ခုဖြစ်တဲ့ ခါးပတ်နက်ကို ရရှိထားတာပါ။ ဒါ့ကြောင့် သက်တော်စောင့်တွေအနားမှာမရှိလို့ ပူတင်ကို အန္တရာယ်ပြုမယ်ဆိုရှု်တောင် လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် စစ်တမ်းများအရ ရုရှားသမ္မတ ပူတင်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်းပေါင်း ၄၆သန်းအထိ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုဖော်ပြချက်တွေဟာ ခန့်မှန်းခြေလောက်သာဖြစ်ပြီး တစ်ကယ့်တရားဝင်မှာ ဘယ်လောက်ပိုင်ဆိုင်ထားလဲဆိုတာ ဘယ်သူမှ မသိပါဘူး။

Source : Did U Kniow ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။