ပရိတ်သတ်ကြီးရေ... အရမ်းလည်းဟာသတွေပြောတတ်ပြီး ရုပ်ရှင် ဗီဒီယိုလောကမှာကော သဘင်လောကမှာပါ ပရိတ်သတ်တွေအားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ နိုင်ငံကျော်ဟာသအနုပညာရှင်ကတော့ ဟာသ သရုပ်ဆောင်ဒိန်းဒေါင်ပဲဖြစ်ပါတယ်နော်။သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ ဟာသအနုပညာရှင်တစ်ဦးပါ။

အလှူအတန်းလည်းအရမ်း ရက်ရောသူဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ဟာ သူ့ရဲ့ချွေးနဲစာလေးတွေနဲ့လည်း မကြာခဏ အလှူအတန်းပြုကုသိုလ်ယူ တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့လိုစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ စံထားရလောက်အောင်အရမ်းကောင်းတဲ့ ဒိန်းဒေါင်ဟာ သဘင်ပညာမှာလည်းထူးချွန်သူတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူးနော်။

အခုတစ်ခါမှာလည်း သူဇာတ်ပွဲတွေလိုက်က ရုပ်ရှင်ဇာတ်ကားတွေရိုက်နဲ့ ရရှိ စုဆောင်းခဲ့တဲ့ သူ့ရဲ့ အနုပညာကြေးလေးတွေကို နောင်ဘဝအတွက် မွန်မြတ်လွန်းလှတဲ့ ဒါန အလှူလေးတစ်ခုလုပ်ခဲ့ပါတယ်နော်။ " ကျွန်တော်ချွေးနဲစာနဲ့ရှာဖွေစုစောင်းထားနဲ့ရွှေသားစစ်စစ်ဖြင့်ပြုလုပ်ထားသောဘုရားဆင်းထုတော်၂ဆူရှေးဟောင်းရှင်သီဝရိရဟန်းတာတဆူပတ္တမြားနဲ့ထုဆစ်ထားသောရှင်သီဝရိတစ်ဆူတို့အားမိဘကျေးဇူးဆပ်ဘုရားအား(၇)ရက်သားသမီးများကိုရည်စူးလှူဒါန်းပါသည်အရှင်ဘုရား" ဆိုပြီး နတ်လူသာဓုခေါ်လို့ရအောင် ရေစက်ချလှူဒါန်းခဲ့ပါတယ်နော်။ ကဲ.... ပရိတ်သတ်ကြီးရေ ဒီဘဝမှာတောင် ဒီလောက်လူချစ် လူခင်ပေါနေတဲ့ ဒိန်းဒေါင်ဟာ အရင်ဘဝကလည်း ဒီလိုအလှူတွေခနခန လုပ်ခဲ့လို့များလားလို့တောင် ပြောစမှတ်ပြုဖွယ်ပါပဲနော်..... 

Source : Dain Daung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။