မင်းသမီး Park Min Young လေးကိုပရိသတ်ကြီး ကောင်းကောင်းသိမယ်ထင်ပါတယ်..သူမကို အတွင်းရေးမှုကင် အဖြစ်သိကြမှာပါ။ အဲ့ကားလေးဟာဆိုရင်လဲ ပရိသတ်တွေကြားမှာ တော်တော်လေးကို အောင်မြင်ခဲ့တဲ့ကားပဲဖြစ်ကာ လူကြိုက်များတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ခုဆိုရင်သူမဟာ နောက်ထပ် Drama Series ဖြစ်တဲ့ " Her Private Life " ဆိုတဲ့ကားကို မင်းသား Kim Jae Wook နဲ့အတူရိုက်ကူးသွားမှာဖြစ်ပါတယ်။ အဲ့ကားအတွက် Teasers ကိုပရိသတ်ကြီးအတွက် နှစ်ယောက်လုံးက မျှဝေခဲ့ပါတယ်။ 

ဇာတ်လမ်းလေးဟာဆိုရင်တော့ Romantic comedy ဇာတ်လမ်းလေးပဲဖြစ်ကာ Park Min Young ကအောင်မြင်တဲ့ ဓာတ်ပုံပြတိုက်မှုးတစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲက နာမည်ကတော့ Sung Duk Mi ပဲဖြစ်ကာ သူမရဲ့နောက်ကြောင်းကိုလဲ မြုပ်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့သူဋ္ဌေးကတော့ Kim Jae Wook ပဲဖြစ်ကာ ဇာတ်လမ်းထဲက နာမည်ကတော့ Ryan ပဲဖြစ်ပါတယ်။ သူကတော့ Park Min Young ရဲ့ ဘဝနှစ်ခုကိုလိုက်လံစုံးစမ်းရင် နောက်ပိုင်းကျတော့ Park ရဲ့ Fan တစ်ယောက်ဖြစ်လာတဲ့သူပါ။ 

Park ရဲ့ Teaser မှာဆိုရင်တော့ " ကျွန်မလား....ကျွန်မက အောင်မြင်တဲ့ ပြတိုက်မှုတစ်ယောက်လေ ပြီးတော့ Professional idol fangirl တစ်ယောက်လဲဖြစ်တယ်လေ....ကျွန်မက နှစ်ဘက်စလုံးမှာ မအောင်မြင်နိုင်ဘူးဆိုတဲ့ ဥပဒေရှိလို့လား.... Fangirling တစ်ယောက်က ကမ္ဘာကြီးကို လှအောင်ပြုလုပ်သွားမှာပါ " ဆိုပြီးမိတ်ဆက်ခဲ့ပါတယ်။ Kim ကတော့ သူဟာစာရေးဆရာတစ်ယောက်နဲ့ ဦးနှောက်ကောင်းတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ကြောင်း ဆိုပြီးများစွာပြောဆိုကာ မိတ်ဆက်သွားပါတယ်။ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Soompi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။