အူဝဲတို့တော့ ဖက်ရှင်ဘုရင်မဆိုတဲ့ ဘွဲ့ထူးအပြင် အနုပညာမှော်ပါတဲ့ ထိပ်တန်းမင်းသမီး တစ်လက်လို့တောင် အားလုံးကတင်စားရတဲ့အထိကို သရုပ်ေ်ဆာင်ပီပြင်ပိုင်နိုင်လွန်းသူ တစ်ယောက်ပါပဲ။ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဒိတ်ဒိတ်ကြဲမင်းသမီး အဖြစ်နဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာ ပဲဖြစ်ပါတယ်။ ထပ်ဆယ့်အကယ်ဒမီအိန္ဒြာကျော်ဇင်ဖြစ်ခဲ့ပြီးနောက်မှာလည်း ဒီဇာတ်ကားနဲ့ သူမအကယ်ဒမီထပ်ရနိုင်ဖို့ ပရိသတ်တွေက အများကြီးမျှော်လင့်ထားကြပါတယ်။
ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း အချိန်ပေးရင် အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်ေ်ဆာင်နေသူတစ်ယောက်ပါပဲ။ ခင်ပွန်းဖြစ်သူ ထပ်ဆင့်အကယ်ဒမီပြေတီ ဦးနဲ့အတူ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးမှာ ချစ်စဖွယ် သမီးနဲ့သားလေးကိုလည်း ပိုင်ဆိုင်ထား ပါသေးတယ်။ အသက်လေးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်လို့ ထင်ရက်စရာမရှိအောင်ကို သူမရဲ့နုပျိုလွန်းနေတဲ့ အလှအပတွေက ယနေ့ထက်တိုင် မြင်သူတိုင်းကို ဆွဲဆောင်နိုင်နေဆဲပါပဲ။
" ကျွန်မအချစ်ဆုံးယောကျာ်းသုံးယောက် " ဇာတ်ကားပြသနေစဉ်မှာ သူမက ပရိသတ်တွေ မသိအောင် ရုံထဲတိတ်တိတ်လေး ခိုးဝင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားအပြီးမှာတော့ ရုံပြည့်ရုံလျှံ အားပေးခဲ့တဲ့ ပရိသတ်တွေကိုတွေ့ဆုံပြီး ကျေးဇူးတင်စကားဆိုခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ပီတိ စကား တွေကို " ကိုးစားရကျိုးနပ်လိုက်တာ.... ကျေးဇူးတင်ပါတယ် ချစ်သောပရိသတ်ကြီး ကားတင်တဲ့နေ့ကစပြီးပွဲစဉ်တိုင်း ရုံအပြည့်အားပေးကြတဲ့ ပရိသတ်ကြီးကို မနေ့ကsurprise သွားနှူတ်ဆက်ရင်း ကျေးဇူးတင်စကားပြော " ဆိုပြီး လူမှုကွန်ယက်မှာ ကြည်နူးစရာပုံရိပ် လေးတွေနဲ့အတူ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။
Photo - Eaindar Kyaw Zin
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။