အနုပညာလောကမှာ ထိပ်ထိပ်ကြဲအောင်မြင်နေတဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းနဲ့ အေးမြတ်သူတို့နှစ်ဦးက ပရိသတ်တွေအင်အား တောင့်တင်းစွာနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ သူနှစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေတဲ့ အပြင် ပရိသတ်တွေရဲ့ အားပေးမှုကို တွေကို အလေးထားတဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် ပြည်သူချစ်တဲ့ အနုပညာရှင်တွေဖြစ်နေရတာပါ။

လက်ရှိမှာ အရမ်းနာမည်ကြီးနေတဲ့ Star Awards ရုပ်ရှင်ဆုပေးပွဲကြီးဖြစ်တဲ့ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ အရည်အချင်းကို လေးစား ဂုဏ်ပြုသောအားဖြင့် အကယ်ဒမီဆုကဲ့သို့ ထပ်မံချီးမြှင့်မယ့် ဆုတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ ဆုပေးပွဲဟာဆိုရင် Voting စနစ်အရ ဆုတွေကို ရွေးချယ်ပေးတာဖြစ်တာကြောင့် အနုပညာရှင်တော်တော်များများကလည်း နှုတ်ထွက်ခဲ့ကြတာကို မြင်တွေ့ရမှာပါ။

ထိုအကြောင်းက သိပြီးတဲ့ နောက်မှာ အနုပညာရှင် အင်အားတောင့်တင်းတဲ့ စိုင်းစိုင်းနဲ့ အေးမြတ်သူတို့ နှစ်ယောက်ကလည်း ပရိသတ်တွေကို တောင်းပန်စကားဆိုရင် Star Awards ဆုပေးပွဲကြီးကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကို အရမ်းကို ချစ်ပြီး တန်ဖိုးထားလေးစားတဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် ပရိသတ်တွေ ဆုံးရှုံးနစ်နာမှု တစ်စုံတစ်ခုမရှိစေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ဆုပေးပွဲကနေ နှုတ်ထွက်ခဲ့ကြတာကို မြင်တွေ့ရမှာပါ။

Source: Sai Sai & Aye Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။