မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလေးဖြစ်တဲ့ စိုးပြည့်သဇင်က ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ထားတဲ့ သူလေးဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ အပြင် သရုပ်ဆောင်ကောင်းပြီး အရည်အချင်းရှိတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးရေးတွေမှာ ယခင်ကနဲ့ မတူတဲ့ ဇာတ်ကောင်ပုံစံလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတဲ့ စိုးပြည့်လေးကို မြင်တွေ့ရမှာပါ။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လှလာတဲ့ စိုးပြည့်လေးက သူမရဲ့ လက်ရှိ အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ရင်း ညီမ လေးယောက် အတူတူ ဖွင့်ထားတဲ့ ဆိုင်လေးကို အလှည့်ကျဦးစီးပြီး ဆိုင်ထိုင်ပေးနေကြလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းတဲ့ သူလေးဖြစ်သလို စီးပွားရေးအမြင်လည်း ရှိတဲ့ စိုးပြည့်လေးက လူးလူးစိန်ဆိုတဲ့ ချစ်စရာ ကောင်မလေးအဖြစ် ပရိသတ်တွေမကြာခင်မြင်တွေ့ရမှာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းအောင် ကလေးတစ်ယောက်အသွင်နဲ့ လူငယ်လေးတစ်ယောက်လို အရမ်းကို ပေါ့ပါးသွက်လက်နေတဲ့ စိုးပြည့်လေးရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

Source: Soe Pyae Thazin

Photo Crd: ဘန် နီ သစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။