အဆိုတော်ကျားပေါက်ဟာဆိုရင် ဂီတသံစဉ်တွေ တော်တော်များများကို ကျွမ်းဝင်ပြီး သီဆိုတတ်တဲ့ အရည်အချင်းပြည့်ဝတဲ့ တေးရေးတေးဆို ဂီတသမားတစ်ယောက်ပဲဖြစ်ပါ တယ်။ Big Bag အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အလန်းစားသီချင်းတွေကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ The Voice မှာ ဒိုင်တစ်ဦးအဖြစ်နဲ့ ပါဝင်အကဲဖြတ်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ သီချင်းခွေတွေ လည်း ထွက်ရှိထားပြီး အားပေးသူပရိသတ်အခိုင်အမာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

ချစ်ဇနီးလေးဇုန်ဇုန်နဲ့လည်း ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင် ပြီး ချစ်စဖွယ်သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အိမ်မွေးတိရိစ္ ဆာန်လေးတွေကို ချစ်တတ်တဲ့ ဇနီးဖြစ်သူဟာ ကြောင်လေးတွေကိုလည်း မွေးထားပါသေး တယ်။ ဒီထဲကမှ Jonny ဆိုတဲ့ကြောင်ကလေးဟာ တကယ့်ကိုရယ်ချင်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုကို လုပ်ခဲ့တာပဲဖြစ်ပါတယ်။ မသိနားမလည်တဲ့ တိရိစ္ဆာန်လေးမို့ ဆူရခက် ပြောရခက်ပါပဲ ပရိသတ်ကြီးရေ။

သူမက ဘုရားရှိခိုးဖို့ ဘုရားခန်းထဲဝင်ကာ လက်အုပ်လေးချီပြီး ဘုရားစင်ပေါ်မော့အကြည့် မှာတော့ ကြောင်ကလေး Jonny ကိုမြင်လိုက်တဲ့ အချိန်မှာတော့ ထိတ်လန့်သွားရပုံကို " ဘုရားစင်ရှေ့ ကျကျနနထိုင်ပြီး လက်အုပ်လေးချီ မော့ဖူးလိုက်တာ လူဆိုတာတုန်ခနဲတောင် ဖြစ်သွား တယ်.Jonny စုတ်ရယ် " ဆိုပြီး ရေးသားထားတာမို့ အားလုံး ရယ်မောခဲ့ကြပါသေး တယ်။ ချစ်စရာကောင်းတဲ့ Jonny လေးကတော့ ဘာမှမသိတဲ့ မျက်နှာပေးလေးနဲ့ အရမ်းကိုအသည်းယားစရာကောင်းလွန်းနေပါတယ်။

Photo - Su Lei Win ZoneZone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။