ပရိတ်သတ်ကြီးရေ ခင်လေးနွယ်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ဟိုးအရင်ကတည်းက လျှောက်လှမ်းခဲ့တဲ့ သရုပ်ဆောင်မင်းသမီးလေးပဲဖြစ်ပါတယ်။တိုင်းရင်းသူတွေက ဖြူဖြူစင်စင် ရိုးရိုးသားသားနဲ့ ပွင့်လင်းစွာဆက်ဆံတတ်သူပါ။ခင်လေးနွယ်ကလည်း လီဆူးတိုင်းရင်းသူလေးဖြစ်လို့ ပွင့်လင်းရိုးသားပြီး သဘောဖြူ မနောဖြူလေးပါ။ခင်လေးနွယ်က ပရိတ်သတ်တွေ စသတိထားမိတာက သူမရဲ့ ကြော်ငြာလေးတွေကနေ စသိခဲ့တာပါ။

အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့တွေကို ခဏရပ်ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို အေးဆေးစွာဖြတ်သန်းနေတာပါ။သူငယ်ချင်းတွေဖြစ်တဲ့ သက်မွန်မြင့် ယုသန္တာတင် အေးမြတ်သူ မပုံ့ တို့နဲ့လည်း လျှောက်သွားလျှောက်စား တစ်ယောက်အိမ်တစ်ယောက်သွားလည်နဲ့ ပျော်ရွှင်စွာနေနေပါတယ်။ခင်လေးနွယ်က အစအနောက်သန်ပြီး ဟာသဉာဏ်ရွှင်တဲ့သူတစ်ဦးပါ။သူငယ်ချင်းတွေဆုံရင် ဟီးဟီးဟားဟားနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ခင်လေးနွယ်က အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့် ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုတော့ သူငယ်ချင်းတွေနဲ့အတူတူ တက်ရောက်နေတာဖြစ်ပါတယ်။စိတ်သဘောထားဖြူစင်ပြီး ရိုးသားပွင့်လင်းသူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါပြီး သူငယ်ချင်းတွေလည်း ပေါပါတယ်နော်။အခုဆိုရင်တော့ ခင်လေးနွယ်က SHAY ပွဲလေးကို တက်ရောက်လာပြီး Summer Collection လေးနဲ့ လှနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။