ပရိသတ်ကြီးရေ.. အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်ဆယ်လီမင်းသမီးချောလေးကတော့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်နော်..။

ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်ပုံရိပ်လေးတွေအပြင် ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်လာတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်သလို သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးဆိုလည်း မမှားပါဘူးနော်..။

အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူလေးလည်းဖြစ်သလို ဟာသအခွီဗီဒီယိုဖိုင်လေးတွေနဲ့လည်း ပရိသတ်တွေကို အမြဲပျော်ရွှင်ရယ်မောစေသူလေးလည်း ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း ပရိသတ်တွေသရေကျလောက်အောင် သရက်သီးစိမ်းတွေကို တကြွပ်ကြွပ်နဲ့ အားရပါးရဝါးစားပြနေတဲ့ သူမရဲ့အခွီဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကို ထပ်မံမျှဝေထားပါသေးတယ်နော်..။

ချဉ်ချဉ်စပ်စပ် သရက်သီးစိမ်းတွေကို အချဉ်သလိုဟန်ဆောင်ပြီး သရေကျလောက်အောင် အားရပါးရတကြွပ်ကြွပ်ဝါးစားပြရင်း နောက်ဆုံးမှာတော့ သွားကြိမ်းမယ့်အချဉ်ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး မျက်နှာရှုံ့မဲ့သွားတဲ့ သူမရဲ့အခွီဗီဒီယိုလေးကတော့ ပရိသတ်တွေကို တကယ်ပဲသဘောကျရယ်မောစေပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ဖြူဖြူထွေးလေးရဲ့ သရက်သီးဗားရှင်း အခွီဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးလိုက်ကြရအောင်နော်..။

Photo - ဖြူဖြူထွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။